ရွေးကောက်ပွဲပြီးနောက်  ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစဖြစ်နေ

ဒီဇင်ဘာ ၃၀ ၊ ကသာ 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာမြို့နယ်မှာ  KIA နဲ့ PDF  ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲကို  ဒီဇင်ဘာလ (၂၉ )ရက်နေ့ကစလို့ စတင်တိုက်ခိုက်နေမှုများပြုလုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ 

ကသာမြို့နဲ့ မြို့အနီး ပတ္တမြားကုန်း၊ မန္တလေး–ကသာလမ်းအထွက်၊ စေတီကုန်း၊ မိုးတားလမ်းပိုင်းများ၊ ပြည်သာယာကြိုးတံတားအနီးနဲ့ ရပ်ကွက် (၅)၊ ရပ်ကွက် (၈)တို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့တယ်လို့  ကသာခရိုင် ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ဘက်မှ ထုတ်ပြန် ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပနေချိန်  ပူပေါင်းတပ်ဖွဲ့များက  ကသာမြို့အနီးဝန်းကျင်သို့ချဉ်းကပ်လာခဲ့ပြီး စတင်တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင်  ကသာမြို့အထွက်ဘက်ရှိ  ခမရ–၃၀၉  ရဲ့ တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ခမရ–၃၀၉ အနောက်ဖက်နဲ့ ကသာမြို့ အောက်ဘက် ပြည်သာယာကြိုးတံတားအနီး၊ ကသာမြို့ ရပ်ကွက် (၅) နှင့် ရပ်ကွက် (၈) နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ မြို့ဝင်မြို့ထွက်လမ်းပိုင်းတွေကို စစ်တပ်အပါ  နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက ပိတ်ဆို့ထားတဲ့အခြေအနေဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *