လွန်ခဲ့တဲ့လေးနှစ်လောက်က ပြောခဲ့ပါသည်၊အခုလဲထပ်၍ပြောပါသည်။မြန်မာတစ်နိုင်ငံလုံး မှာ ရှိ ကြတဲ့ အဖွဲ့ စည်းပေါင်းစုံလူမျိုး ပေါင်း စုံဟာ သူ့ အစီ အစဉ်နဲ့ သူ ယုံကြည်ရာ ချီတက် လှုပ် ရှား နေကြပါတယ် ။သူ့ အပူ နဲ့ သူ အခြေအနေ အလိုက် ထိုး ဖေါက်နေကြပါတယ်။
ဗျူဟာစုံ ခင်းပြီး ခြေလှမ်းတိုင်း ဟန်ချက် ကျကျကြိုးစားနေကြပါတယ်။တကယ် တော့ ဖွံ့ ဖြိုး တိုးတက် လိုတဲ့ ရည်ရွယ်ချက် ကို အရင်း ခံ ကြတာချည်းပါ။တူ ရာ တွေ ပူး ပေါင်း လုပ် ဆောင် ကြ တယ်လို့ ယေဘုယျ ဆန်တဲ့ အစီ အစဉ် တွေ ချပြကြ ပေမဲ့ အဖွဲ့ အစည်း တိုင်း ရဲ့ ပင် မကြောရိုးကိုတော့ အထိမခံ ကြပါ ။ဆုံ တွေ့ ကြတဲ့ အခါအားပေးနှစ်သိမ့်ပေးပြီး နည်းဗျူဟာတွေ မေးမြန်းဖလှယ်တတ်ကြပေမဲ့ တကယ်လုပ်ကိုင်ကြမဲ့ အခါ အကြောင်းကြောင်းတွေ ကြောင့် အကောင် အထည် မဖေါ်နိုင် ကြပါ။
တကယ်တော့ အဖွဲအစည်းတိုင်း မိမိ အဖွဲ့အစည်း လောဘ နဲ့ ကိုယ်ဖြစ်တဲ့အတွက်သူ့ မကယ်နိုင်ကိုယ့် မကူ ညီနိုင်ဖြစ်တတ်ကြပါတယ်။ တစ်ခါတစ်ရံ အပြိုင်အဆိုင် နဲ့ ခွဲ ထွက်တဲ့အချင်းချင်းလုံးထွေးညှိနိုင်းနေရတဲ့ ကာလ တွေ ကိုဘဲအဖွဲ့ အစည်းကြီး ရဲ့ အလုပ်ကြီးအဖြစ် ဖြေရှင်းကြရတာကို ကျေနပ်နေကြတဲ့ အဖြစ်များ ကလည်း နေရာ အနှံ့ ပါ။
ဒီနေ့ ရှမ်းနီ အမျိုးသားရေးဆောင်ရွက်နေကြတဲ့အချိန် ရှမ်းနီအဖွဲ့အစည်းတိုင်းက တကယ်တမ်း အမျိုးသား ရေး ခွန်အားဟာ မိမိ ရှမ်းနီ ပြည်သူပြည်သားများ ဖြစ်တယ် ဆိုတာရယ် ရှမ်း နီတွေရဲ့မူလ သဘောထား ရည် ရွယ်ချက် ကို ရှမ်းနီအဖွဲ့အစည်းတိုင်း ညီ ညွတ်စွာဆောင်ရွက်နိုင်ရေးဟာ အလွန်ဘဲ အရေးကြီးပါတယ်။
သဲသဲမဲမဲ ခွန်အားစိုက်ထုတ်ဖို့ စည်း ရုံး လှုံ့ဆော်ရမဲ့ ကာလ ဖြစ်သလို အဘက်ဘက်ကထိုး နှက်နိုင်တဲ့ အနေ အထား တွေ ကို စနစ်တကျဗျူဟာ အခင်းအကျင်း တွေကို စီစဉ်ချမှတ်ပြီးလက် တွေ့ကျကျ ဆောင် ရွက် ရမဲ့ ကာလ ဖြစ်ပါတယ်။
သေးသိမ်ပြီးခရီးမတွင်တဲ့ အပြုအမူအပြောအဆို အယူအဆတွေဟာ ရှမ်းနီအမျိုးသား ရေး ဆောင်ရွက် ကြသူ အချင်းချင်းကြားမှာ အပြီးတိုင် သင်္ဂြိုလ်မြှုပ်နှံ ကြရမှာဖြစ်ပြီး လတ်ဆတ်သစ်လွင်တဲ့ အမျိုးသားရေး ပေါ် လစီတွေကို ဆွေးနွေးကြရမှာပါ။
လက်ရှိရှမ်းနီ အင်အားထုကြီးဟာ ပိုမိုခိုင်မြဲတဲ့ အခြေအနေကနေ အတိတ်မေ့ ရှမ်းနီများကိုလည်း နိုးထ တက် ကြွ ပြီး မိမိဘိုးဘေးများရဲ့ သမိုင်းခွန်အားတွေကို အစီစဉ်တကျချပြ ရှင်းလင်းကြရမှာပါ။ရှမ်းနီဒေသတစ်ခု ချင်း စီရဲ့ ထူး ခြား တဲ့စွမ်း ဆောင်ရည် တွေ ဟာ ရှမ်း နီ တမျိုး သားလုံးဝမ်း မြောက် ဂုဏ် ယူရ မှာ ဖြစ် သလို ငါ တို့ကပိုလုပ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးတွေဟာ အချင်းချင်းမညီညွတ်မှုကို ဖြစ်စေပါတယ်။
မှန်ကန်တဲ့ အတိတ်သမိုင်းကြောင်းဖေါ်ထုတ်ရေးဟာအမျိုးဂုဏ် မြှင့်တင်တာထက် အခြားသော လူမျိုးများ အတွက်မှန်ကန်တဲ့ သက်သေသာဓကတွေဆိုတာ လေးနက်စွာယုံကြည်ရမှာပါ။ မိမိရဲ့ အမျိုးသားရေးအပေါ် အသုံးချလိုတဲ့ ဘယ်လူမျိုးဘယ်အဖွဲ့ အစည်းမဆို သတိထားရမှာဖြစ်သလို ချစ်ဟန်ပြုတဲ့ ပလီပလာစည်းရုံး ရေး အစီအစဉ်တွေကိုလည်း လုံးဝ ခြေဖျက်နိုင်ကြရမှာ ပါ။
အထူးသဖြင့် တိုက်ရိုက်နှောက်ယှက်လိုတဲ့ အခြေအနေကိုသိမြင်နိုင်ပေမဲ့ ပူးကပ်ပါလာတဲ့အရောင် ရော နေတဲ့ အကြံရှင်များကိုတော့ ပညာဉာဏ်စိုက်အားပြု ဖယ်ရှားကြရမှာပါ။ အနာဂတ် ရှမ်းနီတွေရဲ့ဘဝတွေကို လက်ရှိရှမ်းနီတွေရဲ့ ညီညွတ်တဲ့အားနဲ့ဘဲ ပြောင်းလဲနိုင်ပါမယ်။ အဲ့ဒီတည်ဆောက်မှုအတွက် ဒီနေ့ရှမ်းနီခေါင်း ဆောင်များ အချင်းချင်းညီညွတ်တဲ့ ဗျူဟာမြောက်အစီအစဉ်တွေချပြီး လက်တွေ့တာဝန်ခွဲဝေမျှကြမှသာ အောင်မြင်ပါ မယ်။
ရှမ်းနီဒေသတစ်ခုလုံးရဲ့ အင်အားကိုအချည်းနှီးမဖြစ်အောင် စည်းလုံးကျစ်လစ်တဲ့အနေအထားကနေမဆောင်ရွက်ကြဘူးဆိုရင် ရှမ်းနီအရေးဝေးနေပါလိမ့်မယ်။
ဒေါင်းနီစူး
ဒေါင်းနီစူးသည် ရှမ်းနီအသံဂျာနယ်၏ အတွေးအမြင်ကဏ္ဍပင်တိုင် ဆောင်းပါးရှင်တစ်ဦးဖြစ်ပါသည်။