ရှမ်းနီဆိုသည့် အမည်နာမဖြင့် တိုင်းရင်းသားအခွင့်အရေးမရနိုင်ဟု ကချင်ပြည်နယ်ရှိ ကျားမင်းပါတီ (SSP) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများပြောဆိုစည်းရုံး

SSP ပါတီ၏ မိုးညှင်းမြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှုပြုလုပ်နေစဉ်

အောက်တိုဘာ ၁၇ ၊ မိုးညှင်း

ရှမ်းနီဆိုသည့် လူမျိုးစု၏ အမည်နာမဖြင့် တိုင်းရင်းသားအခွင့်အရေးမရနိုင်ဟု ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကျားမင်းပါတီ (SSP)ပါတီမှ လွတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆို စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

“ ဘင်္ဂလီရှိတယ် ၊ ရိုဟင်ဂျာရှိတယ်။ မူဂျာဟစ်ရှိတယ်။ အလားတူ တခြားတိုင်းရင်းသားမျိုးနွယ်စုတွေပြီးကနေပြီးတော့ ဒီလိုမျိုးနွယ်တွေ ခွဲမထုတ်နိုင်တဲ့ ဒီဦးရေတွေမကဘူး ၊ ကချင်(၁၂)မျိုးမကဘူးရှိတယ်။ ရှိသေးတယ်။ ကယား(၉)မျိုးလည်းရှိသေးတယ်။ အဲ့ဒီမျိုးနွယ်စုတွေကို (၉၁၄) ထဲမှာထည့်ထားပြီးပြီ ။နိုင်ငံသားအဖြစ် လက်ခံတယ်။ နိုင်ငံသားအခွင့်အရေးပေးတယ်။ တိုင်းရင်းသားအခွင့်အရေးမပေးဘူး ။ ဒီအမှိုက်ခြင်းထဲကနေ ရှမ်းနီတွေကို သွားထုတ်တာနဲ့ ကုလားကိုလည်း ဒီအခွင့်အရေးပေးရတော့မယ် ဒါပဲ” ဟု ကျားမင်းပါတီ၏ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးအောင်မျိုးသန့်က ဆိုသည်။ 

ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်  ကျားမင်းပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများ အများစုသည်လည်း ထိုသန်းခေါင်စားရင်း ကုဒ်နံပါတ် ကိစ္စရပ်များကို အဓိကထား စည်းရုံးကြသည်ကို သိရသည်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကုဒ်နံပါတ်တွင် ပါဝင်သည့် တိုင်းလျှမ် မှသာ အစိုးရအတည်ပြုထားသည့် ၁၃၅ မျိုးတွင် ပါဝင်ပြီး တိုင်းရင်းသားအခွင့်အရေးရမည်ဟုလည်း ပြောဆို စည်းရုံးကြသည်။ 

“ ရှမ်းနီလူမျိုးဆိုတာ တိုင်းရင်းသားလူမျိုးမဟုတ်တဲ့ လူမျိုးမဟုတ်ဘူး ။ ရှမ်းနီဆိုတာ သမိုင်းမှာလည်းရှိတယ်။ ဘိုးဘွားစဉ်ဆက် သူ့နေရာနဲ့သူ  သူ့လူမျိုးနဲ့သူ သူ့ယဉ်ကျေးမှုနဲ့သူ နေလာခဲ့တာ ။ တရားမဝင်ဘူးဆိုတာ ဒါအဓိပ္ပါယ်မရှိဘူး။ ၁၃၅မျိုးထဲမှာ မပါလို့အဓိပ္ပါယ်မရှိဘူးဆိုတာ လည်း အဓိပ္ပါယ်မရှိဘူး။သူက ၁၃၅ မျိုးထဲမှာ  မပါသော်လည်း အားလုံးကတိုင်းရင်းသားဆိုပြီး လက်ခံထားကြတယ် “ ဟု ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီအမျိုးသားညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးစံပြည့်က ဆိုသည်။ 

၂ဝ၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ်ရှမ်းနီအမျိုးသားညီလာခံတွင် အမည်အမျိုးမျိုးကွဲနေသည့် လူမျိုးစုအမည်ကို ရှမ်းနီဟုသာ ခေါ်ဆိုပြီး တရားဝင်မှတ်ပုံတင်ရရှိရေးကို ဆောင်ရွက်ရန် အားလုံးသဘောတူညီ ဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်။ 

ကျားမင်းပါတီ ကချင်ပြည်နယ်တွင် မိုးညှင်းမြို့နယ်အတွင်းရှိ မဲဆန္ဒနယ် (၅)ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်မအင်အားကြီးပါတီမှ အသွင်းပြောင်းလာသူများလည်း ပါဝင်ကြောင်း ရှမ်းနီလူထုထဲမှ ဝေဖန်ပြောဆိုနေကြသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *