
ဒီဇင်ဘာ ၁၂ ၊ မိုးညှင်း
ရှမ်းနီပါတီတစ်ခုဖြစ်သည့် ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီ၏ ပထမဆုံးသောဗဟို ကော်မတီအစည်းအဝေးကိုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီသည် ယခင်က ရှမ်းနီ(တိုင်းလိုင်)နှင့်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီမှ ၂၀၁၉ ခုနှစ်တွင် ပါတီအမည်ပြောင်းလဲခဲ့သည်။
“အဖွဲ့ဝင်အသစ်တွေရွေးချယ်တာ။ ဆုံးဖြတ် ချက်အသစ်တွေ ၊ ဖွဲ့စည်းပုံအသစ်တွေကို ကျွန်တော် တို့လုပ်ဆောင်ဖို့ရှိပါတယ်။ ဗဟိုကော်မတီအသစ်၊ ဗဟို အလုပ်အမှုဆောင်အသစ်တွေနဲ့ ၂၀၂၀ ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ကျွန်တော်တို့အဓိကထားလုပ် ဆောင်သွားမှာပါ” ဟု ၎င်းပါတီ၏ အထွေထွေအတွင်း ရေးမှူး ဦးစောဝင်းထွန်းကပြောသည်။
အဆိုပါညီလာခံတွင် ပါတီ၏ ဥက္ကဌအသစ် ဗဟိုအလုပ်အမှုဆောင်အသစ်များပြန်လည်ရွေးချယ်သွား မည်ဖြစ်ကြောင်းသိရသည်။
ထိုအစည်းအဝေးကို ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် မန္တလေးမြို့ ဟိုပင်အင်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ရှမ်းနီ(တိုင်းလျှန်)ပါတီသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၅၀) ကျော်တွင် ပါတီဆိုင်းဘုတ်များ တင်ထားပြီး ကချင်ပြည်နယ်တွင် မြစ်ကြီးနား ၊ မိုးကောင်း ၊ ဗန်းမော် ၊ မိုးမောက်မြို့နယ်များတွင် ပါတီဆိုင်း ဘုတ်များတင်ထားပြီးဖြစ်သည်။
ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီသည် ယခင်က ၂၀၁၅ ခုနှစ်က ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများသွေးစည်းညီညွတ်ရေးပါတီအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း လစ်လပ်နေသည့် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။