လူမျိုးတစ်မျိုး၊နိုင်ငံတစ်နိုင်၊သမိုင်းတစ်ရပ်ကိုအမှန်တကယ် ပြည့်ပြည့်စုံစုံ ဖန်တီးနိုင် ဖို့ ရည်ရွယ်ချက်ကောင်းတွေ ရှိ ကြဖို့ လိုအပ်ပါလိမ့်မယ်။ညီညွတ်တဲ့အင်အားကို ဘယ်လိုအ သုံးပြုကြမယ်ဆိုတာသိကြဖို့ လိုပါတယ်။လူမှန်နေရာမှန်ကို သိဖို့လိုသလို ထိုက်သင့်တဲ့နေ ရာပေး အသုံးပြုခွင့်ပေးကြခြင်း ဟာ လူသားဖြစ်တည်မှုတန်ဘိုး အရပါ ပိုပြီးလိုအပ်ပါတယ်။ လိမ္မာကျွမ်းကျင်တဲ့ အသိပညာ အတတ်ပညာတွေအပေါ် အမှန် တကယ် အကျိုးရှိရှိအသုံးပြုနိုင် စွမ်းကို ဖော်ဆောင်ပေးခြင်းဟာ မှန်ကန်တဲ့ လူ့အရင်းအမြစ်တည် ဆောက်မှု အရှိန်အဟုန်ကောင်း တစ်ခုဖြစ်ပါတယ်။
အမှန်တကယ် လူတစ်ဦး ဟာ မိမိကျွမ်းကျင်ရာကိုဖန်တီး လုပ်ဆောင်ခွင့် အပြည့်အဝရရှိ နိုင်လိမ့်မယ်ဆိုပါလျှင် စွမ်းဆောင် မှုဟာ ပိုမိုတောက်ပအောင်မြင်ပါ လိမ့်မယ်။ဝါသနာအားသန်ခြင်း၊ စိတ်ပါဝင်စားခြင်းနဲ့ တတ်သိ ကျွမ်းကျင်ခြင်းတွေကို တစ်ပါ တည်းသယ်ဆောင်နိုင်ကြသူတွေ အဖို့ လွယ်ကူပြီးမြောက်တဲ့ ခရီး ရောက်မှုဟာ မြန်ဆန်ပါလိမ့်မယ်။ ဘယ်လိုပုဂ္ဂိုလ်ဟာ ဘယ်လိုကျွမ်း ကျင်မှုမျိုးကို ဘယ်လောက်ခရီး ရောက်မှုထိ လုပ်ဆောင်နိုင်သလဲ ဆိုတဲ့ နေရာပေးစဉ်းစားတတ်မှု ဟာလည်း အရေးကြီးပါတယ်။
တနည်းအားဖြင့် အခြေ အနေအရပ်ရပ်ကို ကိုင်တွယ်စဉ်း စားဦးဆောင်နေကြသူများကနေ စံနစ်တကျ ရွေးချယ်နေရာပေးမှုကို လုံးဝသိရှိနားလည်ထားကြရပါ မယ်။လူမှန်နေရာမှန်ရွေးချယ်ခြင်း ဟာ ပြည့်စုံတဲ့သမိုင်းတစ်ရပ်ဖန် တီးနိုင်ဖို့ အကျိုးသက်ရောက်မှု တစ်ခုဖြစ်ပါတယ်။
ဒီနေ့ရှမ်းနီအမျိုးသား ရေး ပြန်လည်နိုးကြားလာမှုနဲ့အ တူ ရှမ်းနီဒေသအတွင်းမှာ ဘယ် လောက်အတိုင်းအတာအထိ ခရီး ရောက်နေပြီဆိုတာ ပြန်လည်သုံး သပ်ကြဖို့ လိုပါတယ်။အဲဒီလိုသုံး သပ်မှုတွေနဲ့အတူ ရှမ်းနီအမျိုး သားရေးဟာ လူမှန်နေရာမှန်ဖြစ် တည်ရေးဟာ များစွာအရေးပါလှ တယ်။
ဘယ်လောက်စွမ်းဆောင် နိုင်သလဲဆိုတာမျိုးထက် ဘယ် လောက်ထိ စိတ်ဝင်စားသလဲ။ ဘယ်လောက်ကျွမ်းကျင်ပါသလဲ ဆိုတဲ့ သုံးသပ်မှုမျိုးကို ဦးစွာဆောင်ရွက်ကြရပါမယ်။ရှမ်းနီ အမျိုးသားရေး ဆောင်ရွက်ကြသူ အချင်းချင်းမှာ မိမိအမျိုးသားရေး အပေါ်မှာ ချစ်တာချင်းဘယ်လောက် ဆောင်ရွက်နိုင်ဖို့ ဘယ်လိုကျွမ်း ကျင်ကြောင်းကတော့ ကွာဟမှု များစွာ ရှိကောင်းရှိနိုင်ပါတယ်။
ချစ်ခင်မြတ်နိုးစိတ်၊တန် ဘိုးထားစိတ်၊တိုးတက်ကြီးပွား လိုစိတ်များဟာ အမျိုးသားရေး ဆောင်ရွက်သူအချင်းချင်းမှာ တူ ညီတဲ့စိတ်ဓါတ်ရေးရာများ ဖြစ် ပေါ်လည်း ဆောင်ရွက်ပုံချင်း မ တူညီမှုမှာ များစွာကွာဟနေခြင်း ဟာ တိုးတက်မှု၊အခြေအနေထက် တစ်ဦးနှင့်တစ်ဦး ပဋိပက္ခအသွင် များဆီ ဦးတည်နေတတ်ပါတယ်။
မကြာခဏစည်းဝေးတိုင် ပင် ညှိနှိုင်းခြင်းဟာ ရင်းနှီးကျွမ်း ဝင်တဲ့ အကြောင်းခံဖြစ်ပေမယ့် အသိပညာ၊အတတ်ပညာ ဖလှယ် မျှဝေတဲ့တသမု ျ့သစကဲ့သို့ ဆွေးနွေးမှုမျိုးကို ပြုလုပ်တဲ့အလေ့ အထ အားနည်းတဲ့အခါ အစီအ စဉ်မကျတဲ့ အလုပ်တရားများဟာ နေရာအနှံ့တွေ့နေရပါတယ်။တ ကယ်တော့ အခြေအနေကောင်း တွေကို ဖန်တီးနိုင်ရေးဟာ တိုး တက်လိုစိတ် စေတနာများထက် ကျွမ်းကျင်တဲ့ လုပ်ဆောင်မှုတွေ ကို အသုံးပြုနိုင်ဖို့အရေးကြီးပါ တယ်။အဲဒီလို ပြည့်စုံတဲ့အနေအ ထားတစ်ခုအတွက် အခင်းအကျင်း တွေကို နေရာချထားနိုင်မှုဟာ လူမှန်နေရာမှန် ဖြစ်တည်နိုင်ဖို့ သင့်လျော်တဲ့ရွေးချယ်စီစစ်ရေး ဟာ မလွဲမသွေ လိုအပ်ပါတယ်။ မှန်ကန်တိကျပြီး အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်ကို ချင့်ချိန်စဉ်းစားတွေး တောနိုင်စွမ်းသော ပုဂ္ဂိုလ်များမှာ သင့်သင့်မျှတသော ရွေးချယ်အသုံး ပြုမှုဟာ ရှမ်းနီအမျိုးသားရေးအ တွက် အမှန်တကယ် အကျိုးရှိ နိုင်ကြောင်း အကြံပြုလိုက်ပါရစေ။
2019-10-12