ခရီးထွက်ရခြင်းကစိန်နားကပ်ပန် ရခြင်းထက်ပိုကောင်းတယ်လို့စာရေးဆရာ မကြီးခင်နှင်းယုကပြောဆိုထားပါတယ်။ ခရီးထွက်ရခြင်းဟာလူတွေရဲ့အမြင်ဗဟု သုတတွေကတိုးတက်လာနိုင်တဲ့အကျိုး ကျေးဇူးတွေကိုရနိုင်ပါတယ်။အနောက်ဥ ရောပနိုင်ငံသားတွေဟာတစ်နှစ်တစ်ကြိမ် လောက်တော့ခရီးသွားတတ်ကြပါတယ်။ ခရီးသွားခြင်းကြောင့်လူတွေရဲ့စိတ်ကိုတ ဖန်လန်းဆန်းစေပြီးလုပ်ငန်းတွေအပေါ် တိုးတက်စေတယ်လို့ယုံကြည်ကြတယ်။ဒါ ကြောင့်လည်းခရီးသွားလုပ်ငန်းတိုးတက် အောင်ခရီးများများသွားလာနိုင်အောင်အ ဖက်ဖက်ကဖန်တီးပေးတတ်ကြပါတယ်။ မြန်မာနိုင်ငံကတော့ခရီးသွားခြင်းအလေ့ အထများကျင့်သုံးလာတာမကြာသေးပါ ဘူး။လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကခရီးသွား လုပ်ငန်းမရှိသလောက်နည်းပါတယ်။ယခု နောက်ပိုင်းမှသာခရီးသွားလာမှုကိုအာရုံ စိုက်လာကြပါတယ်။ခရီးသွားလုပ်ငန်း တွေကဒေသအတွက်အကျိုးရှိတဲ့အပြင်မီး ခိုးမထွက်တဲ့စက်ရုံလို့လည်းပြောဆိုကြ တယ်။မီးခိုးမထွက်တော့သဘာဝပတ်ဝန်း ကျင်မပျက်စီးပဲသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားဖြစ်နေတဲ့လုပ်ငန်းတစ် ခုလို့အများလည်းနှစ်သက်ကြတယ်။ခရီး သွားလုပ်ငန်းဟာတချို့သောနိုင်ငံရဲ့အဓိ ကဝင်ငွေအဖြစ်ရှိနေတဲ့နိုင်ငံတွေလည်း ပေါများလာပါတယ်။တချို့သောနိုင်ငံများ ကရှိနေတဲ့လှပတဲ့သဘာဝပတ်ဝန်းကျင် များ၊လှပတဲ့ရေတံခွန်များ၊ရှေးဟောင်းနယ် မြေများ၊ပင်လယ်များကိုလူတွေကိုကစိတ် ဝင်တစားသွားရောက်လည်ပတ်ကြပါ တယ်။ရှမ်းနီဒေသတွေမှာလည်းထိုသို့လှပ တဲ့သဘာဝပတ်ဝန်းကျင်များ၊ရှေးဟောင်း နယ်မြေများစွာရှိပါတယ်။ထိုနေရာများကို လည်ပတ်သွားလာနိုင်ရန်အတွက်ရေး သားညွှန်းဆိုလိုက်ရပါတယ်။
လွိုင်စန့်လုံ(သို့)ဇလုံတောင်
စစ်ကိုင်းတိုင်းဒေသကြီးဗန်းမောက် မြို့မှာတည်ရှိတဲ့တောင်တစ်လုံးလည်းဖြစ် သည်။ဗန်းမောက်မြို့၏အနောက်မြောက် ဘက်မှာတည်ရှိနေတဲ့တောင်တစ်လုံး လည်းဖြစ်ပါတယ်။မြိုင်ကြီးဂနိုင်အလယ် မှာထင်ရှားထင်းလင်းစွာရှိနေတဲ့ကျောက် တောင်များလည်းဖြစ်ပါတယ်။ရှမ်းနီဘာ သာစကားအရလွိုင်စန့်လို့ခေါ်ပြီးဆင် တောင်ဟုအဓိပ္ပါယ်ရပါတယ်။မြန်မာဘာ သာစကားကိုပြောင်းလဲသည့်အခါမှဇလုံ တောင်ဟုအမည်သွင်ခဲ့ခြင်းဖြစ်ပါတယ်။
လွိုင်စန့်လုံကိုမိုးတွင်းကာလ တွင် သွားလာလို့မရနိုင်ပါဘူး။လမ်းတွေ ဟာအခု ထိတိုင်မြေသားလမ်းဖြစ်နေ ပြီး မိုးတွင်းကာလမှာသွားလို့ရမယ့်လမ်းမ ရှိပါဘူး။ဆောင်းဦးကာလမှမိုးဦးကာလ ထိသွားရောက်လည်ပတ်လို့ရပါတယ်။ မဲနက်နေသည့်ကျောက်တောင်များက တောတောင်များအလယ်မှာရှိပြီးစေတီများ ဘုရားများနှင့်သံဃာကျောင်းဆောင်များ ရှိပါတယ်။ရာသီဥတုသာယာလျှင်ဗန်း မောက်မြို့မှာရိပ်ရိပ်လေးလှမ်းမြင်ရပါ တယ်။လွိုင်စန့်လုံကိုလွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုကျော်ကခြေလျှင်ဖြင့်သာသွား ရောက်ကြပါတယ်။ ယခုတော့ခြေလျှင်ခရီးသွားရောက်တဲ့သူနည်းပါးသွားပါပြီ။ လွိုင်စန့်လုံတောင်တက်နိုင်ရန်အတွက် တောင်တက်ကားကွင်းများလည်းရှိနေပြီ ဖြစ်ပါတယ်။ထိုမှတောင်တက်ကားများ ဖြင့်တက်ရောက်ရမှာဖြစ်ပါတယ်။တောင် တက်ကားများကတစ်ဦးလျှင်အသွားအ ပြန်ခုနှစ်ထောင်ကျပ်ကျမှာဖြစ်ပါတယ်။ တောင်တက်ခရီးကတစ်နာရီခန့်ကြာမြင့် တက်ပါတယ်။တောင်တက်လမ်းမှာလည်း တထောက်နားစခန်းတွေရှိပါတယ်။အေး မြတဲစမ်းချောင်းစီးဆင်းနေတဲ့ဦးဘောစ ခန်းမှာလည်းနားပြီးအစားအသောက်များ စားနိုင်ပါတယ်။ထိုမှခရီးပြန်ဆက်လျှင် ကျောက်မဏ္ဍပ်ကိုရောက်ပါ့မယ်။ကျောက် မဏ္ဍပ်ကထုထည်ကြီးမားတဲ့ကျောက်ဖျာ ဖြစ်ပါတယ်။ကျောက်မဏ္ဍပ်ဟာအကျယ် အဝန်းကြီးပါတယ်။ကျောက်မဏ္ဍပ်တက် ရတဲ့လမ်းကတော့မတ်ဆောက်ပါတယ်။ ထိုကျောက်မဏ္ဍပ်ကနေလွိုင်စန့်လုံကို လှမ်းမြင်ရပြီဖြစ်တယ်။ထိုနေရာမှာကျော် သွားလျှင်ကျွန်းပင်ကြီးများ၊အင်ပင်ကြီး များနှင့်အုံ့ဆိုင်းနေတဲ့တယ်ပင်ပြန့်စခန်းကို ရောက်တော့မှာဖြစ်ပါတယ်။ဆိုင်ကယ်နှင့် တက်ခွင့်ရတဲ့အချိန်တုန်းကဆိုင်ကယ်ကို တယ်ပင်ပြန့်စခန်းမှာထားပြီးခြေလျှင်ပြန် တက်ရပါတယ်။တယ်ပင်ပြန့်မှာတော့ဒေ သစားစရာများကိုရနိုင်ပါတယ်။မုန့်ညှင်း ပေါင်း၊ဟင်းပေါင်းဟင်းလှော်များနှင့်အင် ဖက်နဲ့ထုပ်ထားတဲ့ထမင်းများကအမြဲလို ခရီးသွားများကိုဆွဲဆောင်နေတတ်ပါ တယ်။တယ်ပင်ပြန့်မှနေပြီး နေထွက်ချိန် ဆိုလွိုင်စန့်လုံက ရွှေရောင်သန်းတဲ့ရွှေ တောင်အဖြစ်မြင်တွေ့နိုင်ပါတယ်။တယ် ပင်ပြန့်မှာအရင်ကတော့တောင်ဘေး ဖောက်ထားတဲ့တက်တက်လှမ်းရှိပါတယ်။ တောင်အောက်ခြေကနေအုတ်လှေကားနဲ့ တရွေ့ရွေ့တက်သွားရုံပါပဲ။တယ်ပင်ပြန့် မှပဲတောင်ပေါ်သို့ဆိုင်ကယ်နဲ့တက်လို့ရ မယ့်လမ်းလည်းရှိပါတယ်။ကားလမ်းဖောက်လုပ်ထားတယ်ဆိုပေမယ့်အလွန်မတ် ဆောက်ပါတယ်။ယခုတော့အနည်းငယ်ပြု ပြင်ထားပါတယ်။တောင်တက်ကားတွေ တော့တက်လို့အဆင်ပြေပါတယ်။တောင် ပေါ်ရောက်ရင်လွိုင်စန့်လုံဘုရားဖူးရန်အ တွက်ထိုကျောက်တောင်ပေါ်ခြေလျှင်တက် ရမှာဖြစ်ပါတယ်။ကျောက်တောင်ကိုတက် မယ့်လမ်းတွေဟာရုတ်တရက်ကြည့်မယ် ဆိုရင်မတွေ့နိုင်ပါဘူး။တောင်ထိပ်ထိတက် ဖို့လမ်းဟာလူနှစ်ယောက်သွားစာ လောက်မျှပဲကျယ်ဝန်းပါတယ်။တောင် ထိပ်ဘုရားရင်ပြင်ဟာလည်းကျဉ်းလွန်းပါ တယ်။လေးမျက်နှာဘုရားနှင့်စေတီငယ် များတည်ရှိပါတယ်။စေတီတွေနှင့်ဘုရား များစွာလည်းကမ်းပါးရံမှာရှိပါတယ်။ ကျယ်ကျယ်ဝန်းဝန်းဖူးခွင့်ရနိုင်ရန်အတွက် တောင်တစ်ခုလုံးကိုမြင်တွေ့ရတဲ့နေရာမှာ ဘုရားဖူးရင်ပြင်လည်းတည်ဆောက်ပေး ထားပါတယ်။ဘုရားဖူးများတည်းခိုနိုင်ရန် အတွက်တည်းခိုဆောင်များနှင့်အစားအ သောက်ဆိုင်တန်းများ၊လယ်ဆောင်ပစ္စည်း အရောင်းဆိုင်များလည်းတည်ရှိနေပြီဖြစ်ပါတယ်။လွိုင်စန့်လုံခရီးသွားလုပ်ငန်း သည်တစ်နှစ်ကျော်အတွင်းတိုးတက်မှုမြန် ဆန်သည်ဟုဆိုနိုင်ပါတယ်။လွိုင်စန့်လုံ ကိုဘုရားဖူးသက်သက်မဟုတ်ပဲသဘာဝ ပတ်ဝန်းကျင်များလေ့လာနိုင်ရန်အတွက် လည်းသွားရောက်သင့်တဲ့နေရာဖြစ်ပါ တယ်။စုံလင်လှတဲ့သစ်ခွမျိုးစိတ်များနဲ့ သစ်မာအမျိုးအစားများဖြစ်တဲ့အင်၊ကျွန်း များနှင့်တမလန်းစသည့်သစ်များပေါက် ရောက်တဲ့နယ်မြေလမ်းဖြစ်ပါတယ်။အေး မြတဲ့စမ်းချောင်းပေါများပြီး၊ရဟန်းသာ များပျော်စံရာအရပ်ဟုဆိုရင်လည်းမမှား နိုင်ပါဘူး။သဘာဝသားကောင်များစွာ လည်းရှိနေပါသေးတယ်။သဘာဝကိုချစ် မြတ်နိုးသူများအတွက်နေရာကောင်းတစ်ခု အဖြစ်လည်းညွှန်းပေးချင်ပါတယ်။ဆင်၊ သမင်၊ဒရယ်၊မျောက်စသည့်တိရစ္ဆာန် များအပြင်ငှက်မျိုးစုံလည်းပေါများတယ်။ လွိုင်စန့်လုံပတ်ဝန်းကျင်ဟာစိမ်းစိုလှပနေ ယုံမကလှပတဲ့ဒေသခံများ၏စိတ်ထာများ နှင့်လည်းပြည့်စုံတဲ့အရပ်ဖြစ်ပါတယ်။ လွိုင်စန့်လုံရဲ့သဘာဝပတ်ဝန်းကျင်ဟာလူ တွေမဖျက်ဆီးပဲကျန်နေတဲ့ကမ္ဘာငယ်တစ် ခုလို့ပြောဆိုရင်းအရောက်လှမ်းသွားကြပါ စို့ဟု တိုက်တွန်းလိုက်ရပါတယ်။
သိကောင်းစရာလမ်းညွှန်များ
လမ်းခရီး လွိုင်စန့်လုံတည်ရာဗန်းမောက်မြို့ ဟာ မန္တလေးမြို့မှ မြောက်ဘက်(၂၂၄)မိုင် အကွာမှာရှိပြီး ကားလမ်းခရီးဖြင့်(၁၀)နာ ရီကြာမောင်းရမှာပါ။ ရထားခရီးလမ်းဖြင့် တိုက်ရိုက်မရှိသော်လည်းမန္တလေး-မြစ် ကြီးနားရထားဖြင့် အင်းတော်ဘူတာမှာ ဆင်းပြီးအင်းတော်မှ-ဗန်းမောက်သို့(၂၈) မိုင်သာကားစီးရမှာဖြစ်ပါတယ်။မိုးညှင်း မှဗန်းမောက်ထိ ၇၆ မိုင်သာဝေးပြီး(၂)နာ ရီခွဲကြာကားမောင်းရမှာဖြစ်ပါတယ်။
တည်းခိုစရာ
ဗန်းမောက်မြို့မှာတည်းခိုခန်းမှာ၊ အဆင့်မြင့်ဟိုတယ်များနှင့် ွကျနအ ံစကျန တွေအများအပြားရှိနေပြီဖြစ်ပါတယ်။တည်းခိုခန်းခများက အနည်းဆုံး(၇၀ဝ၀) ကျပ်မှစတင်တည်းခိုနိုင်ပြီးဟော်တည်များ လည်းဈေးအသင့်အတင့်ရှိပါတယ်။တည်း ခိုစရာအတွက်ခရီးသွားကာလများ တွင် တည်းခိုစရာမရပါကဘုန်းကြီးကျောင်း များတွင်လည်းတည်းခိုနိုင်ပါတယ်။
အစားအသောက် ဒေသအစားအစာများဖြစ်တဲ့မုန့်ညှင်းပေါင်း၊ဟင်းပေါင်းဟင်းလှော်များ ရနိုင်ပါတယ်။တခြားဒေသကအစားအစာ များလည်းရနိုင်ပါတယ်။ရာသီပေါ်သီးနှံ များလည်းရနိုင်မှာဖြစ်ပါတယ်။
လည်ပတ်စရာ
လွိုင်စန့်လုံတစ်ခုတည်းမဟုတ်ဘဲ ရေတံခွန်လည်းပေါများပါတယ်။ရေတံခွန် သွားရတဲ့လမ်းခရီးကမဖွံ့ဖြိုးသေးပေမယ့် ဘူးတောင်းရေတံခွန်ကအလွန်လှပါ တယ်။တောနောက်ရေတံခွန်၊ကျောက် ဆည်ရေတံခွန်စသည်ဖြင့်ရေတံခွန်အများ အပြားလည်းရှိပါတယ်။သွားလည်မယ် ဆိုရင်ဒေသခံများကိုအကူအညီတောင်း လမ်းပြပြီးသွားလာလို့ရပါတယ်။နေဝင် ချိန်နှင့်နေထွက်ချိန်များကိုလည်းကျုံး တောင်ဘုရားပေါ်မှာ ဗန်းမောက်မြို့ကို လှမ်းမျှော်ကြည့်နိုင်ပါတယ်။ဆင်စခန်း တစ်ခုလည်းရှိနေပြီဖြစ်ပါတယ်။