ရှမ်းနီသူရဲကောင်း စစ်သည်ဗိမာန်ကို မိုးကောင်းမြို့နယ်မှာ တည်ဆောက်ထား 

မတ် ၂၅ ၊ မိုးကောင်း 

ရှမ်းနီသူရဲကောင်း စစ်သည်ဗိမာန်ကို မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်၊ ပူတာစုတည်ဆောက်ထားပြီး ဒနေ့ မတ်လ ၂၅ ရက်နေ့မှာ ဖွင့်ပွဲတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“ ရှမ်းနီဒေသမှာရှိတဲ့ ကျဆုံးသွားသူတွေ အားလုံးကို ဒီနေရာမှာ ကဗျည်းတင်ဖို့ရှိပါတယ်” လို့ ဦးဆောင်သူထဲပါဝင်သူ ဦးခင်မောင်အေးက ဆိုပါတယ်။ 

ဒီဗိမာန်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ  စတင်ပန္နက်ချခဲ့ပြီး ၃ လကျော်ကြာတည်ဆောက်ခဲ့ပြီး ဒနေ့မှာပဲ ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

ဖွင့်ပွဲကို မိုးကောင်းမြို့နယ် ၊ မိုးညှင်းမြို့နယ်အတွင်းက ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနပြည်သူ့စစ်တပ်ဖွဲ့များ ၊ မိုးကောင်းအခြေစိုက် SNA တပ်မဟာ ၅၆၅ ရဲ့ တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *