SNA နဲ့စစ်ကောင်စီတပ်တို့ဥရုချောင်းအတွင်းမှာတိုက်ပွဲဖြစ်ပွား 

ရှမ်းနီအမျိုးသားတပ်မတော် တပ်မဟာတစ်ခုရဲ့ ၂၀၂၂ ခုနှစ်အတွင်း သင်တန်းဆင်းပွဲပုံရိပ် Photo/ UZ

ဧပြီ ၂၂  ၊ ဟုမ္မလင်း 

ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်မဟာ ၉၇၁ နယ်မြေဖြစ်တဲ့ ဟုမ္မလင်းမြို့နယ် ဥရုချောင်းအတွင်းမှာ SNA နဲ့ စစ်ကောင်စီတပ်တို့  ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိတယ်လို့ သိရပါတယ်။ 

“ ဖြစ်တာက ဥရုချောင်းကဖြစ်တာ ဖြစ်တာက သူတို့(စစ်တပ်)ဘက်က အစုန် ၊ ကိုယ့်တို့ဘက်က အဆန် လမ်းမှာ ဥရုချောင်းထဲမှာ ထိတွေ့တိုက်ပွဲဖြစ်ကြတာလို့ပြောတယ်။ နှစ်ဖက်ထိခိုက်မှုမှာ ကိုယ့်ဘက်ကတော့ထိတယ် သူတို့ဘက်က သတင်းအတိအကျမရသေးဘူး” လို့ SNA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ရေပေါ်မီးကျေးရွာ အနီး  ဥရုချောင်းအတွင်း ထိတွေ့မှုဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းအရင်းက  တပ်တွေ အသွားအလာတွေကို ကြိုတင်အကြောင်းကြားတာတွေပြုလုပ်ရမယ်ဆိုတာတွေမရှိတာကြောင့်ဖြစ်တာလို့ SNA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ဥရုချောင်းဒေသထဲမှာ  စစ်ရေးတင်းမာမှုတွေရှိလာနေတယ်လို့ သိရပါတယ်။ 

SNA ရဲ့ ခန္တီးမြို့နယ်အတွင်းက တပ်စခန်းတစ်ခုက စစ်တပ်က ဝင်ရောက်တိုက်ခိုက်မှု ဧပြီ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့ပြီး အဲ့အချိန်က SNA ဘက်က နှစ်ဦးကျဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *