ရှမ်းနီအမျိုးသားများတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ ဆက်လက်တိုက်ပွဲ ဖြစ်ပွားနေ

ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ အနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် စစ်ကောင်စီတပ်တို့ ယနေ့နေ့ခင်းပိုင်းက ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ SNA မှ တာဝန်ရှိသူတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည် ။

” ဒီနေ့လည် ထမံသီနားမှာထပ်ဖြစ်တယ် ။ အထိအခိုက်တော့ မသိရသေးဘူး ။ ”ဟု ဗိုလ်မှူးကြီးစိုင်းထွန်းက ပြောကြားသည် ။

ယမန်နေ့နံနက်ပိုင်းကလည်း ခန္တီးမြို့နယ် ကောင်းဟိန်ရွာအနီးမှာ SNA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကဘက်မှ တပ်ဖွဲ့ဝင်ငါးဦးခန့် ကျရူံးသွားကြောင်းသိရသည် ။

Leave a Reply

Your email address will not be published. Required fields are marked *