ရှမ်းပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ခရီးသွားလာရာမှာ စစ်ဆေးမှုတင်းကြပ်

မတ်လ ၆၊ တောင်ကြီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ကားဂိတ်တစ်ချို့မှာ ကားလက်မှတ်ရောင်းပေးသော်လည်း  ၁၃ / မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို အစစ်အဆေးတင်းကြပ်မှုများကြောင့် ခရီးသွားလာရာတွင် အခက်အခဲဖြစ်နေတယ်လို့ ကားဂိတ်များမှ သိရပါတယ်။

” (၁၃/)  ဆိုမရဘူး စစ်တာပေါ့  ကိုးကန့်ဘက်တို့ဘာတို့ဆိုမရဘူး။ လူငယ်တွေဆိုပိုစစ်တယ် နေရင်လည်းနေခဲ့ရတာ”လို့ ဆိုပါတယ်။

 (၁၃/) ကိုင်ဆောင်ထားတဲ့ မည်သူမဆို (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလအစပိုင်းမှစကာ ခရီးသွားလိုပါက မြို့နယ်အလိုက်  ရပ်ကွက်ထောက်ခံစာ၊ အလုပ်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံများ ယူဆောင်ရမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မှတ်ပုံတင်မူရင်းနဲ့ ထောက်ခံစာများပါပေမယ့်လည်း  အခြေအနေအရ လူငယ်နဲ့ လူလတ်ပိုင်းများကိုသာ စစ်ဆေးရေးဂိတ်တွေမှာ အဓိကထားစစ်ဆေးမှုတွေရှိတယ်လို့ သိရပါတယ်။

“ကားဂိတ်တွေကတော့ မလိုဘူးလို့ပြောတယ် ဒါ့ပေမဲ့လိုရမယ်ရဆိုပြီးယူသွားတာ အသက်ကြီးလို့ထင်တယ် မလိုဘူးမစစ်ဘူးလို့ပြောရမှာပေါ့အသက်နဲနဲငယ်တဲ့သူဆို ရစ်တာတွေဘာတွေရှိတယ် အသက်ဘယ်လောက်လဲလို့ ဘာတို့မေးတယ် “လို့ ဒေသခံက အခုလိုပြောပြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ မိတ္ထီလာ၊ နေပြည်တော်ရှိ နမ့်ပန် အတက် နယ်ခြားမျဉ်းအနီးမှာ မှတ်ပုံတင်တွေကို  (PSMS) အသုံးပြုပြီး  တိုက်ဆိုင်စစ်ဆေးမှုတွေကို အသေးစိတ်ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကော်မရှင်က ရှမ်းမြောက်ဖြစ်တဲ့ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ သီပေါ၊ ကုန်းကြမ်း စတဲ့ မြို့နယ်က ဒေသခံများအားလုံး ခရီးသွားထောက်ခံစာ ရယူရန်လိုအပ်ကြောင်းထုတ်ပြန်ထားသော်လည်း ယခုအခါ ရှမ်းတောင်ပိုင်းတွင်လည်း အဆိုပါ ထောက်ခံစာ လိုအပ်ကြောင်းပြောဆိုထားတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *