ဇူလိုင် ၂၂ ၊ ကျိုင်းတုံ
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နဲ့ ၁၇ မိုင်အကွာကနေ ဗဟိုပြုပြီးတော့ အင်အား ရစ်(ခ)တာစကေး (၆.၁) ရှိတဲ့ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ဇူလိုင်လ ၂၁ ရက်နေ့ည (၁၁) နာရီကျော်အချိန်မှာ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ထုတ်ပြန်ပါတယ်။
ထိုလှုပ်ခတ်မှု မတိုင်ခင် ည (၁၀)နာရီအချိန်မှာလည်း ကျိုင်းတုံမြို့ရဲ့အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာကနေ ဗဟိုပြုပြီး အင်အား ရစ်ချက်စတာစကေး ၅.၃ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကို ကျိုင်းတုံ ၊တာချီလိတ် ၊ မိုင်းလား စတဲ့ ရှေးပြည်အရှေ့ပိုင်းဒေသတွေက သိသိသာသာခံစားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ကျိုင်းတုံ – တာချီလိတ်လမ်းပိုင်းမှာ တောင်ပြိုမှုဖြစ်ပေါ်ခဲ့ပြီး ကျောက်တုံးတွေ ကားလမ်းပေါ်ကိုရောက်နေတယ်လို့ ဒေသခံတွေက မှတ်တမ်းဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်မှာ မျှဝေနေကြပါတယ်။
တစ်ဆက်တည်းမှာပဲ ရှမ်းပြည်အရှေ့ပိုင်းနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ချင်းရိုင်း ၊ ချင်းမိုင်မြို့တွေကလည်း ဒီငလျင်လှုပ်ခတ်မှုကို ခံစားရတယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာန မြေငလျင်စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ပါတယ်။
အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲအနေနဲ့ ငလျင်ငယ်တွေ ၄၈ ကြိမ်ကြိမ်အထိ လှုပ်ခတ်ခဲ့တာလို့ ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ၊ မိုင်းလားမြို့ ဝန်းကျင်တွေမှာ တွေမှာ ဇူလိုင်အစကတည်းက အင်အားအတင့်အတင့်ရှိတဲ့ ငလျင် (၂) ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒရဲ့ ထုတ်ပြန်ပြစုထားတဲ့ စာရင်းတွေကအရ သိရပါတယ်။