ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံဝင်းတွင်းရှိ  ရှမ်းလူငယ်ရုံးပြောင်းရွေ့ဖို့စာထုတ်ထားမှုတွေကို  ရှမ်းမျိုးနွယ်စုလူကြီးတွေနဲညှိနှိုင်းသွားမည်

ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံကို တွေ့ရစဉ်

မေ ၁၀ ၊ မြစ်ကြီးနား

မြစ်ကြီးနားမြို့မှာရှိတဲ့ ရှမ်းမျိုးနွယ်စုများ ဓမ္မရုံဝင်းအတွင်းမှာ လိုအပ်တဲ့ အဆောက်အဦး တည်ဆောက်ဖို့နဲ့ အဆောက်အဦးအဟောင်းပြုပြင်ဖို့အတွက် အကြောင်းအမျိုးမျိုးနဲ့ နေထိုင်နေတဲ့ အဖွဲ့အစည်းနဲ့ မိသားစုတွေကို ပြောင်းရွေ့ဖို့အတွက်  ဧပြီလ ၂၂ ရက်နေ့မှာစာကို ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီလိုထုတ်ပြန်ပြီးတဲ့နောက် ဓမ္မရုံဝင်းအတွင်းမှာရှိနေတဲ့ ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ရုံးခန်းလည်း အနာဂတ်မရေမရာဖြစ်ဒါကြောင့် ရှမ်းမျိုးနွယ်စု လူကြီးတွေ ၊ ကော်မတီတွေနဲ့ လာမယ့်အပတ်ထဲမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ 

“  အဲ့စာအရဆိုရင်တော့ မီးဖိုချောင်ဆောက်မယ် အဲ့နေရာအသစ်ပြန်ဆောက်မှာဖြစ်တဲ့အတွက် ပြောင်းပေးပါဆိုပြီးတော့မှ စာထုတ်ပြီးပို့ထားတယ်။ ကျွန်တော်တို့က ညှိနှိုင်း၇ေးအဖွဲဖွဲ့ပြီးတော့ ဓမ္မာရုံကော်မတီတွေ ၊​ရှမ်းမျိုးနွယ်စု စာပေယဉ်ကျေးမှုဥက္ကဌတွေ ၊ ပြီးရင် ဓမ္မာရုံမှာ သက်ဆိုင်တဲ့ လူကြီးတွေကို သွားရောက်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်။ ပြီးရင်အသနားခံစာတင်ဖို့လည်းရှိတယ်။  ကျွန်တော်တို့ အဆင်ပြေသွားမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။   ရှမ်းလူငယ်ခေါင်းဆောင်က ပြောပြပါတယ် ။

ဒီဓမ္မာရုံဝင်းအတွင်းမှာ ၂၀၁၄ ခုနှစ်ကတည်းက ရှမ်းမျိုးနွယ်စု လူကြီးအသီးသီးဆီကို ခွင့်ပြုချက်တောင်းခံပြီးဖွင့်လှစ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ရှမ်းလူငယ်တွေက ဒီဓမ္မာရုံကနေအမှီပြုပြီး ကချင်ပြည်နယ်ထဲက ရှမ်းလူငယ်တွေအတွက် စုစည်းနိုင် သည့်နေရာ ၊ နှစ်နှစ်တစ်ကြိမ် လူငယ်ဖိုရမ် ၊ လူငယ်ညီလာခံတွေပြုလုပ်သလို ၊ ရှမ်းစာပေသင်ကြားမှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *