လာမယ့်တစ်နှစ်အတွင်းတော်လှန်ရေးအဆုံးအဖြတ်ဖြစ်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဆို 

PDF ရှေ့တန်းစခန်းတစ်ခုကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ခဲ့စဉ် Photo/U Yee Mon Facebook page

စက်တင်ဘာ ၇ ၊ 

NUG က ပြည်သူ့ခုခံတွန်းလှန်စစ်ကြေညာပြီး တစ်နှစ်ပြည့်တဲ့နေ့မှာ လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးအဆုံးအဖြတ် ရယူဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်ပါတယ်။ 

ရှေ့လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေးကြီးလိမ့်မယ်။ ရန်သူကို အချိန်ပေးလို့ မရတော့ဘူးဆိုတာ သေချာတယ်။ ဒီ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်များအားလုံး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်ဆိုတာလည်း အသိပေးလိုတယ်။” လို့  ဦးရည်မွန်က NUG ရေဒီယိုကနေ ပြောဆိုထားပါတယ်။ 

တစ်နှစ်အတွင်းမှာ ဒေသအသီးသီးက လက်နက်ကိုင် တော်လှန်သူတွေကို Chain of Command တစ်ခုအောက်ကို တည်ဆောက်နိုင်ခဲ့ပြီး ဆက်လက်ပြီး အချိိတ်အဆက်မမိသေးတဲ့ ကာကွယ်ရေးအဖွဲ့တွေ့နဲ့ မြေပြင်မှာ တွေ့ဆုံမှုတွေဆက်လုပ်နေတယ်လို့ဆိုပါတယ်။ 

ကွက်ကဲမှုအနေနဲ့   မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းတဲ့ စစ်ဒေသ နဲ့  ဒေသတွင်း PDF ၊ ပကဖ ၊ LDF တွေ စုစည်းထားတဲ့ ခရိုင်အဆင့် ကွက်ကဲမှုဆိုပြီး အဆင့်နှစ်ဆင့်နဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။  

တော်လှန်ရေးအတွက် လက်ရှိအချိန်ထိ လက်နက်အင်အားလိုအပ်ချက်နဲ့ ဘဏ္ဍာရံပုံငွေရရှိရေးတွေက စိန်ခေါ်မှုဆက်ရှိနေသေးတယ်လို့လည်း ဆိုထားပါတယ်။ 

တစ်နှစ်တာကာလအတွင်း PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းထားပြီး ၂၅၀ မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းထားပြီလို့ ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *