လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးများကြောင့် တလအတွင်း မိုးကုတ်နဲ့ကျောက်မဲခရိုင်တို့မှာ လူ(၅၀)နီးပါးသေဆုံး

စက်တင်ဘာ ၂ ၊ မိုးကုတ် 

ပြီးခဲ့တဲ့ သြဂုတ်လတစ်လအတွင်းမှာ စစ်ကော်မရှင်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊  လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းတို့တွေကြောင့်  မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊မိုင်းငေါ့မြို့နယ်နဲ့ မိုင်းလုံမြို့နယ်တို့တွင်  ဒေသခံ(၄၆)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တအာင်းတပ်(TNLA)က မနေ့က စက်တင်ဘာ(၁)ရက်နေ့မှာ စာရင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး  သေဆုံးတာအပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်းရှိခဲ့ပါတယ်။

ထိခိုက်ခံရမှုတွေထဲမှာ သီပေါမြို့နယ်လည်းပါဝင်ခဲ့သလို စုစုပေါင်းဒဏ်ရာရရှိသူ (၅၅)ဦးရှိခဲ့ကြောင်း ဆိုပါတယ်။

အများဆုံးသေဆုံးခဲ့တဲ့ မိုးကုတ်မြို့အတွင်းမှာ (၄၁)ဦးထိရှိခဲ့တာဖြစ်ပါတယ်။

အခုကတော့ ငြိမ်နေတာ သုံးလေးရက်ရှိနေပြီ၊ဘာအသံမှကိုမကြားတော့ဘူး”​ လို့ မိုးကုတ်မြို့ခံတစ်ဦးက ဆိုပါတယ်။

သေဆုံးမှုတွေထဲမှာ မိုးကုတ်မြို့အပြင် ကျောက်မဲမြို့နယ်မှာ (၂)ဦး၊  မိုင်းလုံမြို့နယ်မှာ(၂)ဦး၊ မိုင်းငေါ့မြို့မှာ  (၁)ဦးတို့ သေဆုံးခဲ့ကာ ထိခိုက်သူများအနေဖြင့် မိုးကုတ်(၂၅)ဦး၊သီပေါ(၄)ဦး၊မိုင်းလုံ(၆)ဦး၊ ကျောက်မဲ(၁၃)ဦးနဲ့ မိုင်းငေါ့မှာ(၇)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုသေဆုံးမှုတွေထဲ သံဃာတော် (၃)ပါး၊သီလရှင်(၁)ပါး၊ ကလေးငယ်(  ၅) ဦး၊အမျိုးသမီး( ၁၈  )ဦး ၊အမျိုးသား (  ၁၉   ) ဦး  ပါဝင်ခဲ့ပြီး  ဒဏ်ရာရရှိမှုမှာတော့ သံဃာတော်(၆)ပါး၊သာမဏေ(၆)ပါး  ၊   အမျိုးသမီး(၁၂)ဦး၊   အမျိုးသား(၃၁)ဦးတို့ ပါဝင်ပါတယ်။

အဆောက်အဦးပျက်စီးမှုက  (၁၃၃)ခုပျက်စီးခဲ့ပြီး နေအိမ်(၁၀၈)လုံး၊ဘုန်းကြီးကျောင်း(၁၂)ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်း၊အဆောက်အဦး(၂)ခု၊ ကျောင်းဆောင်(၉)ဆောင်နဲ့ ဓမ္မာရုံ(၁)ရုံတို့ ပါဝင်ခဲ့တာပါ။

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒီဒေသတွေကို ပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကော်မရှင်က ပြင်းထန်ထိုးစစ်ကိုဖော်ဆောင်နေတာဖြစ်ပြီး ဝေဟင်ကင်းထောက်လေယာဉ်များကို နေ့စဉ်လိုပျံသန်းမှုတွေရှိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

စစ်ကော်မရှင်နဲ့ တအာင်း(ပလောင်)တပ်တို့ဟာ တရုတ်နိုင်ငံ ယူနန််ပြည်နယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှုမရှိခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့ကြပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *