ဝိုင်းမော်-ကန်ပိုက်တည် လမ်းပိုင်းတစ်ချို့ အကန့်အသတ်မရှိပိတ်လိုက်

နယ်စပ်ဒေသ ကုန်စည်စစ်ဆေးရေးစခန်းကိုတွေ့ရစဉ်/ Credit

ဖေဖော်ဝါရီ  ၃ ၊ ဝိုင်းမော် 

ဝိုင်းမော်မြို့ကနေ မှ တရုတ်နိုင်ငံနယ်စပ် ကန်ပိုင်တည်မြို့ကိုသွားတဲ့ လမ်းပိုင်းတွေမှာ တိုက်ပွဲတွေကြောင့် ဖြတ်သန်းခွင့်ပိတ်လိုက်တာလို့ သိရပါတယ်။ 

အဲ့ဒီလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့  KIA+ PDF ပူးပေါင်းတပ်တို့ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေပြီး ကုန်တင်ယာဉ်တွေအားလုံးကို   ရက်အကန့်အသတ်မရှိဖြတ်သန်းခွင့်ပိတ်လိုက်တယ်လို့ ဒေသခံတစ်ဦးမှ သိရပါတယ်။

“ အကုန်ပြန်ခေါက်ခိုင်းတယ်ပြောတယ် ။ လွန်ခဲ့တဲ့ သုံးရက်လောက်ထဲကပိတ်လိုက်တာ။  လကုန်ထဲက တကယ်တမ်းတော့ ကန်ပိုင်တည် ဘက်ကပိတ်တာမဟုတ်ဘူး။ ဒီဘက်လမ်းမှာတိုက်ပွဲဖြစ်နေတော့ မဖြတ်ခိုင်းတဲ့ သဘော” လို့ သူကဆိုပါတယ်။ 

ဖေဖော်ဝါရီ  (၂) ရက်နေ့ မနက်ပိုင်းထဲက  နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီလမ်းပိုင်းရှိ ပြည်သူ့စစ်ဂိတ်တစ်ခုကို KIA ကသိမ်းပိုက်ထားတာကြောင့် ဖြတ်သန်းခွင့် ပိတ်လိုက်တာလို့ သိရပါတယ်။

ကန်ပိုင်တည်မြို့ကို KIA က ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲက ထိန်းချုပ်ထားတာဖြစ်ပါတယ်။    ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ၊ ဝါးရှောင်ကျေးရွာ တောလမ်းပိုင်းတွေကနေ ကန်ပိုက်တည်ကို သွားရတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၀) ရက်နေ့ ကလည်း လမြန်ကျေးရွာနဲ့ ဝူယန်ကျေးရွာတွေဘက် မှာတိုက်ပွဲရက်ဆက်ဖြစ်ပွားခဲ့ပါတယ်။ 

ဒါ့အပြင် အဲဒီဒေသအတွင်းရှိအင်တာနက် စတားလင့်ဝိုင်ဖိုင်စက်များကို ဇန်နဝါရီ (၂၈) ရက်ထဲကဖြတ်တောက် လိုက်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *