သက်ဆိုင်သူအားလုံးမပါတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်တဲ့အတွက်မတက်နိုင်ဘူးလို့ KNU ငြင်း 

ရှေ့တန်းစစ်ပြေပြင်က KNU စစ်သားများကိုတွေ့ရစဉ် Photo/KNU offical Facebook Page

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုက ကန့်သတ်ဖိတ်ခေါ်မှုပုံစံဖြစ်ပြီး သက်ဆိုင်သူအားလုံးမပါဝင်တဲ့အတွက် ဆွေးနွေးပွဲကို တက်မှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU က ငြင်းဆိုလိုက်ပါတယ်။​

စစ်ကောင်စီခေါင်းဆောင် ဖိတ်ခေါ်မှုကိုတက်ရောက်ဖို့အတွက် စာရင်းပေးသွင်းရမယ့် နောက်ဆုံးနေ့ဖြစ်တဲ့ မေလ (၉)​ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန် ငြင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

“ စစ်တပ်က အကြမ်းနည်းနဲ့အာဏာသိမ်းလိုက်ပြီး ဆိုလိုတာက ကျွန်တောတို့လုပ်ခဲ့သမျှ တန်ဖိုးမထားပဲနဲ့ ဖျက်ဆီးလိုက်တယ်ဆိုတာ ကျွန်တော်တို့ အဲ့လိုပဲနားလည်ရတယ်။ အဲ့ဒီအပေါ်မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ရှေ့ဆက်လို့မရတော့ဘူး။ ကျွန်တော်ပြောချင်တာက ဒီလိုအကြမ်းဖက်တဲ့နည်းနဲ့ အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ဟာ ဒါဟာ တရားမဝင်တဲ့အဖွဲ့အစည်းဖြစ်သွားပြီဆိုတာရှင်းတယ်။  ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးဆွေးနွေးပွဲကို ခေါ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ ။ သူကိုယ်တိုင်ကလည်း ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးကိုခေါ်ပိုင်ခွင့်မရှိဘူး ကျွန်တော်တို့ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး” လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက  KNU ရဲ့ သဘောထားကို အခုလိုရုပ်သံကနေပြောထားပါတယ်။ 

စစ်ကောင်စီလက်ရှိပြုလုပ်ရမယ့် ဆွေးနွေးပွဲက နိုင်ငံအနှံ့အပြားဖြစ်နေတဲ့ တိုက်ပွဲကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ ဆွေးနွေးပွဲသာဖြစ်ရမယ်လို့ပြောဆိုထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထားတဲ့ အဖွဲ့ (၅) ဖွဲ့ နဲ့ အပစ်မရပ်သေးတဲ့ အဖွဲ့တချို့ တက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *