နိုဝင်ဘာ ၉ ၊ ကျိုင်းတုံ
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဟော်နန်းကို စစ်အာဏာရှင်တွေဖြိုချဖျက်ဆီးမှုဟာ ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ၃၁ နှစ်ပြည့်မြောက်လာခဲ့ပြီး သွေးစွန်းငွေတွေနဲ့ ပြန်လည်တည်ဆောက်မှုကို ဆန့်ကျင်ကြဖို့ ရှမ်းကျောင်းသားသမဂ္ဂ TSU က တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်တွေက အတုအယောင်ဟော်နန်းပြန်လည်တည်ဆောက်ပေးနေပြီး ရှမ်းပြည်ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့် ၊ အမှန်တရား နဲ့ တရားမျှတမှုတွေပျောက်ဆုံးနေဆဲဖြစ်တယ်လို့ TSU က ဆိုပါတယ်။
ဟော်နန်းပြန်လည်တည်ဆောက်နေမှုမှာ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းအုပ်စုဖြစ်တဲ့ Amazaing Groups အုပ်စု ၊ ကုမ္ပဏီ ပိုင်ရှင်တွေနဲ့ ပြန်လည်တည်ဆောက်မှု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်နွယ်နွယ်ယဉ်ကိုလည်း သပိတ်မှောက်ကြဖို့ အတွက် တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။
ဖြိုချဖျက်ဆီးခံရတဲ့ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်ရဲ့ ကျိုင်းတုံ ဟော်နန်းကြီးကို တပ်ပိုင်မြေမှာ အသစ်ပြန်လည်တည်ဆောက်နေတာလည်းဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ အုတ်မြစ်ချပနှက်ရိုက်ခြင်း အခမ်းအနားကိုပြုလုပ်ခဲ့တာဖြစ်ပြီး တည်ဆောက်ရေးကာလ ၁၀ ဝန်းကျင်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။
ကျိုင်းတုံဟော်နန်း ကို ၁၉၉၁ ခုနှစ်က ဖြိုချခဲ့ပြီး New Kyaing Tong Hotel (အခု Amazing Kengtong Resort) ကို တည်ဆောက်ဖြစ်လှစ်ထားတာလည်းဖြစ်ပါတယ်။