ဟိုပင်မြို့နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းမှာ  KIA ၊ PDF ပူးပေါင်းတပ်နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ် 

Photo – Hopin PDF

မတ် ၁၉ ၊ ဟိုပင် 

ဟိုပင်မြို့ နန့်ရင်းချောင်း အရှေ့ဘက်ခြမ်းဘက်မှာ KIA ၊​ PDF  ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ မတ်လ ၁၉ ရက်နေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ 

“​ တစ်မနက်လုံးပဲ ၊ လက်နက်ကြီးသံတွေကော သေနတ်ပစ်သံတွေကော ၊ နန့်ရင်းချောင်းဟိုဘက်ကမ်းကတဲ့ ၊ မနေ့က စစ်ခွေးအယောက် ၂၀၀ ကျော်မြို့ထဲကနေဖြတ်သွားတာ အဲ့တာချောင်းဟိုဘက်သွားပြီး စစ်ဖြစ်နေကြတာ “ လို့ မနက် ၉ နာရီခွဲမှာ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

တိုက်ပွဲက လက်နက်ကြီးကျည်တွေနဲ့ သေနတ်ကျည်တွေက နန့်ရင်းချောင်းအနီးကိုကျပြီးတော့  နန့်ရင်းကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်မှုတွေရှိနေတယ်လို့ ပြောဆိုပေမယ့် အတည်ပြုလို့မရေသးပါဘူး။ 

ဟိုပင်မြို့မှာ ဗုဒ္ဓဟူးနေ့ကလည်း တပ်မတော်အငြိမ်းစား ၊​ပျူစောထီးခေါင်းဆောင်လို့ နာမည်ထွက်နေသူ တစ်ဦး မြို့လည်ခေါင်မှာ ပစ်သတ်ခံခဲ့ရပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *