
စက်တင်ဘာ ၁၄ ၊ ဟိုပင်
မိုးညှင်းမြို့နယ် ဟိုပင်မြို့ နှင့် တကွင်းကျေးရွာကြားတွင် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်အချိန်က ပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှသိရသည်။
“ ဘယ်ဘက်ကပစ်မှန်းမသိဘူး ။ ဘယ်အဖွဲ့တွေချကြလဲမဘူး။ တစ်နာရီကျော်လောက်ရှိမယ်” ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ဆိုသည်။
ပစ်ခတ်သံများသည် အနီးပတ်ဝန်းကျင်ရှိ လယ်ကွက်များအတွင်းမှပင် ကြားရပြီး တစ်နာရီကျော်ကြာ မြင့်ကြောင်း ၎င်းကဆိုသည်။
ထိုပစ်ခတ်ကြသည့် အဖွဲ့အစည်းများကို မသိရှိရသေးသော်လည်း ပစ်ခတ်မှုသည် ဟိုပင်နှင့် တကွင်းကြားရှိ ခလရ ၄၀ ၊ ခမရ ၃၈၈ နေရာတွင်ဖြစ်ကြောင်း တကွင်းဒေသခံများက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဟိုပင်မြို့အတွင်း စစ်ဆေးမှုတချို့လည်းရှိခဲ့ပြီး တကွင်းကျေးရွာတွင်လည်း လက်ရှိအခြေအနေ တည်ငြိမ်နေသေးကြောင်းသိရသည်။