ဟိုပင်မြို့ နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တ၀က်ချောင်း ကူးတံတား နှင့် ရထားလမ်း မိုင်းခွဲခံရ

မိုင်းခွဲခံရပြီး ပျက်ဆီးသွားသည့် သဝက်ချောင်းကူး ရထားသံလမ်း Photo/ The Northern Voice

ဧပြီ ၂၈ ၊ ဟိုပင်

ဟိုပင်မြို့ နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တဝက်‌ချောင်း ကူးတံတားနှင့် ရထားလမ်း ကို ဧပြီလ ၂၇ ရက်နေ့ ည ၁၁ ခွဲအချိန်က မိုင်းခွဲခံရ ကြောင်း သိရသည်။

“ ည ၁၁ နာရီကျော်လောက်မှာ ခွဲခံရတာ ၊ ည တစ်နာရီကျော်အထိ သေနတ်သံတွေလည်း ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

မိုင်းခွဲခံရသောကြောင့် ချောင်းတံတားအောက်တချို့ ပျက်ဆီးခဲ့ပြီးနောက် ယနေ့နံနက်အချိန်ထိ ဖြတ်သန်းသွားလာ မှု ပြုလုပ်နိုင်ကြောင်း သိရသည်။

မိုင်းခွဲခံရပြီး ပျက်ဆီးသွားသည့် သဝက်ချောင်းကူးတံတား Photo/ The Northern Voice

ရထားလမ်းမှာလည်း အောက်ခြေအုတ်များ နှင့် သံလမ်းပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့ကလည်း မိုးညှင်းမြို့ ရှောင်လမ်းရှိ နမ့်ရင်းချောင်းကူးတံတား ( ရွှေဘို-မြစ်ကြီားနား ဗျူဟာလမ်းပိုင်း) မိုင်းခွဲခံခဲ့ရပြီး အောက်ခြေအင်္ဂတေတချို့ ပျက်ဆီးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *