မေ ၂၂ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာအလယ်က နေအိမ်နှစ်လုံး မေလ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ မီးလောင်ကျွမ်းမှုပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ကက်သာကျေးရွာသာ ကိုဖိုးလုံးပြောပြတာက
.” စျေးဆိုင်တွေရှိတဲ့ ဒီဇယ်တွေရှိတဲ့ အိမ်ဘက်က ဘာမှမဖြစ်ပဲနဲ့ လူမနေတဲ့အိမ်ဘက်က ပေါက်ကွဲသံ တစ်ခုတော့ကြားရတယ်။ ဗုံးကနဲ့တစ်ချက်ကြားပြီးမှ ဖောက်ဖောက်ဖောက်ဖောက့်ပြီးမှ အိမ်ပေါ်ထပ်က စလောင််တယ်လို့လည်း ပြောတယ်။ အဲ့လိုဖြစ်တာ၊ အိမ်အောက်ထပ်မှာလည်းသူတို့ပစ္စည်းတွေထားတယ်ဆိုတော့ သော့ကိုလိုက်ရှာလိုက်ရှာနဲ့ မီးအားကောင်းသွားတော့မနိုင်တော့ဘူးဖြစ်သွားတော့တာ” လို့ သူကဆိုပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့အိမ်က လူနေထိုင်ခြင်းမရှိတဲ့ အိမ်ဖြစ်ပြီး သော့ပိတ်ထားကာ သူ့အိမ်ဘေးက အိမ်က စျေးရောင််းဝယ်မှုတွေပြုလုပ်တဲ့အိမ်ဖြစ်တယ်လို့ဆိုပါတယ်။
မနေ့က မီးလောင်ကျွမ်းမှုမှာ နေအရှိန်ပြင်းနေတဲ့ အချိန်ဖြစ်တဲ့အပြင် ကက်သာကျေးရွာက မီးသတ်ကားကလည်း ဘက်ထရီမရှိတာကြောင့် လာရောက်ငြိမ်းသတ်ဖို့အခက်အခဲတွေရှိတာကြောင့် အိမ်နှစ်လုံးမီးလောင်ကျွမ်းပြာကျခါနီးမှ မီးသတ်ကားတွေ လာရောက်နိုင်ခဲ့တာလို့လည်း ပြောဆိုပါတယ်။
မီးသတ်ကားတာ အချိန်မှီရောက်လာနိုင်ရင် ဒီလိုဆုံးရှုံးမှုတွေမဖြစ်လာနိုင်ဘူးလို့လည်း ပြောဆိုပါတယ်။
“ မီးသတ်ကားကရှိတယ်။ မီးသတ်ကားနဲ့ မီးလောင်တဲ့အိမ်က ခန့်မှန်းခြေသိပ်မဝေးဘူး ၊ ၂ မိနစ်မောင်းရင်ရောက်လောက်တယ်။ ကားက ဘက်ထရီအိုးမရှိလို့ မလာနိုင်ဘူးဖြစ်နေတာတဲ့ ၊ အဲ့တာဟုမ္မလင်းမီးသတ်ကားခေါ်ယူရတာပေါ့။ အိမ်က ဆုံးရှုံးမှုဖြစ်သွားတယ်ဆိုတာက ကက်သာမီးသတ်ကားက ဘက်ထရီအိုးမရှိလို့ မလာနိုင်တာက ဆိုးသွားတာ “ လို့ ကိုဖိုးလုံးက ပြောပါတယ်။
ဟုမ္မလင်းမြို့မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားလေ့မရှိသော်လည်း ၂၀၁၃ ခုနှစ်က နမ့်တောစံပြကျေးရွာမှာ နေအိမ် ၁၀၀ ကျော်အထိ မီးလောင်ကျွမ်းမှုတစ်ခုလည်းဖြစ်ပွားခဲ့ဖူးပါတယ်။