ဇူလိုင် ၁၇ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့တွင် Covid19 ကြောင့် သေဆုံးလူနာ (၁၆) ဦးထိရှိလာပြီး ကူးစက်သူစုစုပေါင်းလည်း (၇၃၇) ဦးထိရှိလာကြောင်းသိရသည်။
ဇူလိုင်လ (၂) ရက်နေ့တွင် ပထမဆုံးသော သေဆုံးလူနာတစ်ယောက်ရှိခဲ့ပြီးနောက် ယနေ့အထိ (၁၆) ဦးရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဟုမ္မလင်းမြို့တွင် ဇူလိုင်လ အတွင်းတွင် ကူးစက်မှုနှုန်းမြင့်လာပြီး ၁၆ ရက်အတွင်း ကူးစက်သူ ၄၇၉ ဦး ထိရှိလာခဲ့ပြီဖြစ်သည်။
ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ကူးစက်ခံရသူများရှိနေကြောင်း မြို့နယ်မှ ထုတ်ပြန်လည်း ရပ်ကွက်/ကျေးရွာများအလိုက် Covid19 ပိုးတွေ့ရှိမှု စာရင်းဇယားများအရသိရသည်။
ကူးစက်သူ စုစုပေါင်း (၇၃၇) ဦးထဲမှ ၄၁၂ ဦး က ဆေးရုံဆင်းခွင့်ရပြီး ၃၀၉ ဦးက ဟုမ္မလင်းကောလိပ် ၊ ကုတင် ၁၀၀ ဆေးရုံ ၊ သီတဂူစက္ခုဆေးရုံတော် နှင့် အခြားနေရာများတွင် ကုသမှုခံယူနေသည်။
ဟုမ္မလင်းမြို့နယ်တွင် Covid19 ရောဂါပိုး တားဆီးကာကွယ်ရေး နှင့် လိုအပ်သည့် စေတနာ့ဝန်ထမ်းလုပ်ငန်းများကို သီတဂူအခြေပြု ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်မှ အဓိကထားလုပ်ဆောင်နေခြင်းဖြစ်သည်။