ဟုမ္မလင်းမြို့နယ်က ရဲတစ်ဦး PDFတွေဆီ အလင်းဝင် 

ဟုမ္မလင်း PDF တွေဆီကို ဝင်ရောက်ခိုလှုံလာတဲ့ ရဲတပ်သားရဲ့ လက်နက်နဲ့ ကျည်တချို့

ဖေဖော်ဝါရီ ၁၇ ၊​ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်က ရဲတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟုမ္မလင်း) ဆီကို လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ မနေ့က ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာ  NUG   ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီရဲတပ်သားက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အူဇီသေနတ်တစ်လက်နဲ့ ကျည်ဆန်တစ်ရာ  လာရောက်ခိုလှုံခြင်းဖြစ်တာကြောင့် သူ့ကို ဂုဏ်ပြုငွေ ( ၃၈ ) သိန်းပေးအပ်ပြီးတော့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

PDF တွေထဲကို လက်နက်နဲ့ ဝင်ရောက်ခိုလှုံတဲ့ ဖြစ်စဉ်က ဟုမ္မလင်းမြို့မှာ ပထမဆုံးလည်းဖြစ်ပါတယ်။​

ဟုမ္မလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ကလည်း ၂၀၂၂ ခုနှစ်  ဇန်နဝါရီလ (၁၈) ရက်နေ့ကမှ အတိအလင်းထွက်ပေါ်လာပြီးတော့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့မှာ အာဏာသိမ်းပြီး လပိုင်းအကြာမှာပဲ ရပ်တပ်သားတချို့ CDM ဝင်ရောက်လာသူ (၆) ဦးထက်မနည်းရှိကြောင်း သိရပါတယ်။ 

စစ်အာဏာသိမ်းမှုကြောင့် ရဲ နဲ့ စစ်သားတွေ တစ်နှစ်အတွင်း တစ်ထောင်ကျော်လောက် CDM နဲ့ PDF တွေဆီ ခိုလှုံမှုတွေရှိလာတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *