
မတ် ၉ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က CDM လှုပ်ရှားမှုမှာပါဝင်ခဲ့သူ ကျောင်းဆရာ ဗေဒါချစ်မှိုင်းကို စစ်ကောင်စီက အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
မတ်လ (၈)ရက်နေ့ ဟုမ္မလင်းမြို့နယ်တရားရုံးက ဆိုင်လွန်ကျေးရွာမှာနေထိုင်တဲ့ CDM ကျောင်းဆရာ ဗေဒါချစ်မှိုင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ကျောင်းဆရာ ဗေဒါချစ်မှိုင်းကဟာ အမက ဆိုင်ကွန်ကျေးရွာ ပညာသင်ပေးနေတဲ့ ကျောင်းဆရာတစ်ဦးဖြစ်ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။
သူဖမ်းဆီးခံရမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။
ဟုမ္မလင်းမြို့နယ်ထဲမှာ ဖမ်းဆီးခံရသူ (၁၀) ဦးထက်မနည်းရှိပြီး အဲ့ဒီထဲက (၃)ဦးကို ဟုမ္မလင်းမြို့နယ်တရားရုံးက ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ပုဒ်မအသီးသီးနဲ့ အမိန့်ချခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပါဝင်တဲ့ မြို့နယ်တွေမှာ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံထားရသူတွေရဲ့ အမှုတွေကို အပြီးသတ်အမိန့်ချမှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရပါတယ်။