အောက်တိုဘာ ၁၉ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်တွင် ဖမ်းဆီးခံရသူများအနက် ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံရသူများထဲမှာ (၂) ဦးကို ခန္တီးအကျဉ်းထောင်မှ
ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။
လွတ်မြောက်လာသူနှစ်ဦးသည် ကိုဟူစိန် နှင့် မဝေဝေထွန်းလင်းတို့ဖြစ်ကြောင်း ချင်းတွင်း-ဥရုနွေဦးတော်လှန်ရေး facebook ကသတင်းထုတ်ပြန်ထားသည်။
ကိုဟူစိန် ဖမ်းဆီးခံထားရသည်မှာ ၆ လကြာမြင့်ခဲ့ပြီး မဝေဝေထွန်း (MEC) ကလည်း ဖမ်းဆီးခံရသည်မှာ (၄)လ ကျော်ကြာမြင့်ခဲ့သည်။
မဝေဝေမြင့်နှင့်အတူ ဖမ်းဆီးခံရသည့် ဟုမ္မလင်းတောင်ပေါ်ကျောင်းဆရာတော်နှင့် တခြား (၂) ဦးလည်း လွတ်မြောက်လာခြင်းမရှိသေးပေ။
စစ်ကောင်စီက ပြန်လွတ်ရာတွင် အပိုင်း(၃) ပိုင်းခွဲပြီး ယနေ့မှ စပြီး ပြန်လည်လွတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီက ဆန္ဒပြပွဲတွင် ပါဝင်သူများကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားသူ ငါးထောင်ကျော်ကို အောက်တိုဘာလ (၁၉) ရက်နေ့က ကြေညာထားသည်။