ဇွန် ၂၅ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့ မှ ၂၄ ရက်နေ့အထိ Covid19 ရောဂါပိုးအတည်ပြုလူနာ (၆၉) ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ပိုးတွေ့အတည်ပြုလူနာများကို ကုတင်(၁ဝဝ) ဆေးရုံ သံဃာဆောင် နှင့် ဆည်မြောင်းရုံး (ယာယီကုသဆောင်) တို့ တွင် ကုသပေးနေပြီး (၉) ဦးမှာ ဆေးရုံဆင်သွားပြီဖြစ်သ ည်။
ကူးစက်သူအများစုသည် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်များ နှင့် ကျေးရွာတချို့ကဖြစ်ပြီး ကလေး ၊ တမူး နှင့် ဖောင်းပြင် နှင့် ဆားလင်းကြီးမြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်ရှိ သီတဂူသံဃာ့ဆေးရုံတွင် ကွာလတင်းစင်တာဖွင့်လှစ်ထားပြီး ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ယက် က လုပ်အားပေးများဆောင်ရွက်နေကြောင်း ဦးဆောင်သူများ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ဟုမ္မလင်းမြို့နယ်တွင် အာဏာမသိမ်းခင် နောက်ဆုံးအထိ ကူးစက်လူနာ (၄၁)ဦးရှိခဲ့ကြောင်း သိရသည်။