ဟုမ္မလင်းမြို့နယ်ထဲမှာဒေသခံကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွား 

ဧပြီ ၁၁ ​ 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ ဧပြီလ (၁၀)ရက်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း Homalinn PDF တွေဘက်က ထုတ်ပြန်လာပါတယ်။ 

ဧပြီလ (၈) ရက်နေ့မှာ မနက်(၅) နာရီခွဲအချိန်မှာ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့နယ် အစပ်က လွင်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတွေဘက်က (၅)ဦးသေဆုံးတယ်လို့ဆိုပါတယ်။ 

ဒီနေ့ဧပြီလ (၁၁) ရက်နေ့မှာ တောင်ကုန်းသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်တာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရေးသားထားပါတယ်။ 

PDF တွေဘက်က လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ 

ဟုမ္မလင်းမြို့ PDF  တွေက  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့ကစပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်ဆိုပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိတွေ့တိုက်ပွဲ​ လေးကြိမ်ဖြစ်ပွားထားတာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့မှာ ဟုမ္မလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် HPDF နဲ့ ဟုမ္မလင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ် HPLDF ဆိုပြီး နှစ်ဖွဲ့ရှိထားကြောင်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *