ဟုမ္မလင်းမြို့နယ်မှာလေပြင်းတိုက်ခတ်မှုနှင့်မိုးသီးကြွေကျမှုတွေကြောင့်သီးနှံများပျက်စီး 

 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ဖေဖော်ဝါရီလ (၅) ရက်နေ့ညက လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေကျမှုတွေကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရပါတယ်။ 

ဟုမ္မလင်းမြို့နယ် ထုံမာတဲကျေးရွာက တောင်သူတွေစိုက်ပျိုးထားတဲ့  ဖရဲ ၊​ ခရမ်းချဉ် ၊​ မုံလာခင်း စတဲ့ သီးနှံတွေ ပျက်စီးခဲ့တာပါ။ 

ဒီမှာက ပုံနေတာပဲ  ပျက်စီးကုန်တာ ၊ မရှိတော့ဘူး အကုန်လုံးပါသွားတာ ၊ ဖရဲတွေ ၊​မုန့်ညှင်းတွေ ဘူးပင်ကအစ မရှိတော့ဘူး ၊ မိုးသီးတွေက လက်မလောက်ရှိတယ် တစ်ပြင်လုံးကို ဖွေးနေတာပဲ”  လို့   ဖရဲစိုက်ပျိုးတောင်သူတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် မိုးသီးကြွေကျမှုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် တောင်ယာတောကျေးရွာက လူနေအိမ်တချို့ အမိုးလှန်ကျပျက်စီးခဲ့ပါတယ်။ 

အချိန်အခါမဟုတ်မိုးရွာသွန်းပြီး မိုးသီးကြွေကျမှုတွေက ဟုမ္မလင်းမြို့နယ် ဇန်နဝါရီလမှာ တစ်ကြိမ်ဖြစ်ပွားခဲ့ပေမယ့်  ပျက်စီးမှုမရှိခဲ့ကြောင်းသိရပါတယ်။ 

ဖေဖော်ဝါရီလ (၅) ရက်နေ့မှ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာလည်း မိုးသီးကြွေကျခဲ့ကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *