ဇွန် ၂၉ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်တွင် ဇွန်လ တစ်လအတွင်း ကူးစက်သူ (161) ဦးထိရှိလာခဲ့ပြီး ထိုထဲတွင် ကျောင်းဆရာမ တချို့ နှင့် ကျောင်းသား/သူများလည်း ပါဝင်ကြောင်း ဒေသခံများထံမှိသရသည်။
ထို့အတွက်ကြောင်း ကူးစက်မှုနှုန်းမြင့်နေသည့် ဟုမ္မလင်းမြို့ မြို့မရပ်ကွက်ကို ဇွန်လ (၂၈) ရက်နေ့ကစပြီး Lockdown ချထားကြောင်း သိရသည်။
“အခြေအနေအရ ရပ်ကွက်တစ်ချို့ကိုလည်း lock down ဆက်ချသွားဖို့ရှိတယ်။ နယ်တွေမှာဆိုရင်တော့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုပဲ စီစဉ်ဖို့ ပြောထားတာတော့ တွေ့ရတယ်” ဟု covid -19 ကာကွယ်ရေးတွင် ပရဟိတ လုပ်ကိုင်နေသူ တစ်ဦးကပြောသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူများအား ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၊ ဆည်မြောင်းရုံး၊ ကောလိပ်ကျောင်းများတွင် ကုသမှုများပြုလုပ်နေကြောင်းသိရသည်။
ဟုမ္မလင်းမြို့တွင် ယခင်က Covid19 ကူးစက်ရောဂါကာကွယ်ကုသပေးထားခဲ့သည့် ကျန်းမာရေးဆရာဝန်၊ သူနာပြုများ CDM လုပ်ရှားမှုတွင်ပါဝင်သောကြောင့် အလုပ်မှ ထုတ်ပယ်ခံရပြီး လက်ရှိတွင် Non CDM တချို့ နှင့် စစ်ကောင်စီ ကျန်းမာရေးဌာနက ဆရာဝန်များဖြင့် ကုသပေးနေသည်ဟု သိရသည်။