ဟုမ္မလင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်နှင့် အလယ်တန်းပြ ဆရာ/မ ခြောက်ရာကျော် တာဝန်မှ ရပ်ဆိုင်းခံရ

မေ ၂၂ ၊ ဟုမ္မလင်း

ဟုမ္မလင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်များနှင့် အလယ်တန်းပြ ဆရာ/မ ၆၁၈ ဦးကို စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့ကို ခွင့်မဲပျက်ကွက်ခြင်းနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းချိုးဖောက်မှုများကြောင့် တာဝန်မှ မေလ ၈ ရက်နေ့ ကတည်းက စစ်ကောင်စီက တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် CDM ပြုလုပ်ထားသည့် ဆရာ/မများကို တာဝန်မှ ယာယီရပ်ဆိုင်းခြင်းဖြင့် ဖိအားကာ ၎င်းတို့ လုပ်ငန်းခွင်ပြန်ဝင်လာစေရေးကို ပြုလုပ်နေကြောင်း ဆရာ/များထံမှ သိရသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများကို ပညာရေးဌာန (သို့) ကျောင်းအုပ်ဆရာမကြီးများကို သွားရောက်တွေ့ဆုံ အကြောင်းပြချက်ပေးရန်အတွက် ဖုန်းမက်ဆေ့များဖြင့် ဆက်သွယ်မှုများ ပြလုပ်ကြောင်း ဆရာမများက ပြောဆို ကြသည်။

ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်စာရင်းအရ အခြေခံပညာဦးစီးဌာန၏ ကျောင်းပေါင်း (၃၁၁) ကျောင်းတွင် ဆရာ/မ စုစုပေါင်း ၂၆၁၈ ဦးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *