ဟုမ္မလင်းမြို့နယ် ကျေးရွာတချို့မှာ လုယက်မှုများဖြစ်ပေါ်နေဟုဆို

ဟုမ္မလင်းမြို့အဝင် ဆိုင်းဘုတ်ကိုတွေ့ရစဉ် Photo/ ShanNi Voice

အောက်တိုဘာ ၅ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာတချို့တွင် လုယက်မှုများနှင့် ဓားပြတိုက်ခံရမှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်။ 

“ ကုန်စျေးနှုန်းတွေတက် လုပ်ငန်းကမပြေကြဆိုတော့ လုယက်မှုတွေတော့ မကြာခဏကြားနေရတယ်။ဟိုနေ့က နမ့်တော့မှာ ရွှေသွားရောင်းမို့တဲ့ အဲ့တာလမ်းမှာဓားပြတိုက်ခံရတာလို့ ကြားရပြန်ပြီ” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။ 

လုယက်ခံရမှုများသည် နမ့်တောကျေးရွာသို့ သွားသည့်လမ်း ခုံတန်းကြီး ၊ ကံကျော်ရကျေးရွာသွားသည့် လမ်းများတွင်ဖြစ်ပွားကြောင်းနှင့် တက်ခတ် ၊​ပေကုန်း စသည့်ကျေးရွာများတွင် ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ 

“ ခုနောက်ပိုင်းဆို ၂ယောက်တည်းလည်းမလာရဲကြတော့ဘူး။ ဓားပြတိုက်ခံရတာ ၂ ဦး သုံးဦးရှိပြီ ရက်တွေကတော့ မတိမ်းမရိမ်းတွေပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

ထိုလုယက်မှုသတင်းများ ၊ ဓားပြတိုက်ခံရမှု သတင်းများနှင့် ပတ်သက်ပြီးအသေးစိတ်ကို ရှမ်းနီအသံက ဆက်လက်စုံစမ်းလျှက်ရှိသည်။ 

ဟုမ္မလင်းမြို့တွင် ရွှေတူးဖော်မှုကို အဓိကလုပ်ကိုင်နေကြပြီး အညာဒေသမှ ရွေ့ပြောင်းလုပ်သားများစွာလည်း လာရောက်လုပ်ကိုင်ကြသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *