
ဧပြီ ၁၈ ၊ စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှ သံသယလူနာမှ ပိုးမတွေ့ကြောင်း ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထူးထံမှ သိရသည်။
ဧပြီလ (၁၃ ) ရက်နေ့တွင် ရွှေပြည်အေးမှ ဟုမ္မလင်းအထွေထွေပြည်သူ့ဆေးရုံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထိုလူနာသည် Covid-19 လက္ခဏာတချို့တွေ့ရသောကြောင့် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံရနေရပြီး ၎င်း၏ ဓါတ်ခွဲနမူနာ(Nasopharyngeal Throat Swab) ကို ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ မတ်လ ၁၃ ရက်နေ့တွင် ပေးပို့ထားခြင်းဖြစ်သည်။
ထိုလူနာကိုထိတွေ့ကိုင်တွယ်ခဲ့သော လက်ထောက်ဆရာဝန် (၂) ဦီး ၊ ဓာတ်မှန်ကျွမ်းကျင်(၁)ဦး ၊ သူနာပြု(၁)ဦး နှင့် သားဖွားဆရာမ(၁) ဦးကိုလည်း တာဝန်မှ ယာယီအနားပေးခဲ့ရာမှာ ယနေ့နံနက်ပိုင်းတွင် တာဝန်ပြန်လည် ဝင်ရောက်ထမ်းဆောင်စေခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ဟုမ္မလင်းအထွေထွေပြည့်သူ့ဆေးရုံတွင် ဧပြီလ ၁၆ ရက်နေ့တွင် သံသယလူနာတစ်ဦးထပ်မံ တိုးခဲ့ကြောင်း ဒေါက်တာဝင်းနိုင်ထူး၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
အဆိုပါ လူ၏ ဓါတ်ခွဲနမူနာ(Nasopharyngeal Throat Swab)ကိုလည်း ပေးပို့ထားပြီဖြစ်ကြောင်းသိရသည်။
