ဟုမ္မလင်းမြို့မှာဓာတ်ဆီတစ်လီတာသုံးထောင်ကျပ်ကနေပြန်မကျသေး 

ဧပြီ ၁၉ ၊ ဟုမ္မလင်း 

သင်္ကြန်ကာလ အကြိုကတည်းက လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့်လို့ဆိုပြီး ဟုမ္မလင်းမြို့မှာ ဓာတ်ဆီတစ်လီတာ သုံးထောင်ကျပ် အထိမြင့်တက်နေတာကနေ ပြန်မကျသေးဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

“ ဒီမှာက သင်္ကြန်အစကတည်းက တစ်လီတာကို သုံးထောင်ပေးရတယ်၊ ဘယ်လိုဆီဖြစ်ဖြစ် ၊  92 ရော တခြား အရည်အသွေးနိမ့်တဲ့ ဆီအနီရောင်တစ်မျိုးရောပဲ၊ အဲ့တာတွေလည်းသုံးထောင်ပဲ၊ တောင်သူလုပ်နေတဲ့သူတွေက ဆီဖိုးနဲ့ပဲ မွဲနိုင်တယ် အခုကရေကအမြဲတင်နေရတာအခုအချိန်က “ လို့ တောင်သူတစ်ဦးက ဆိုပါတယ်။ 

မတ်လအစကတည်းက ဟုမ္မလင်းမြို့မှာ စက်သုံးဆီစျေးနှုန်းတွေက တရိပ်ရိပ်မြင့်တက်လာခဲ့တာတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ 

ဒီလိုမြင့်တက်လာမှုတွေကြောင့် စိုက်ပျိုးရေးတောင်သူတွေကိုလည်း ကြံ့ကြံခံနေရတယ်လို့လည်း တောင်သူတွေက ပြောဆိုကြပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းကို  စက်သုံးဆီတွေက ကုန်းလမ်း ၊ ရေလမ်းနဲ့ သယ်ယူပို့ဆောင်နေကြပေမယ့် ဟုမ္မလင်း -ဖောင်းပြင် ၊ ပင်လည်ဘူး စတဲ့ လမ်းပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ချင်းတွင်းမြစ်ကြောင်းမှာလည်း တိိုက်ပွဲဖြစ်ပွားတာကြောင့် စျေးနှုန်းတွေက ပုံမှန်ထက်မြင့်တက်တာဖြစ်တယ်လို့ ဒေသတွင်းမှာပြောဆိုနေကြပါတယ်။ 

ဟုမ္မလင်းမြို့မှာ ၂၀၂၁ ခုနှစ်မှာလည်း တစ်ဂါလံကို တစ်သောင်းကျော်အထိမြင့်တက်ခဲ့ဖူးပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *