မေ ၃ ၊ ဟုမ္မလင်း
မေလ ၂ ရက်နေ့ ကမ္ဘာအရပ်ရပ်နိုင်ငံများ၌ ပြုလုပ်ကြသည့် နွေဦးတော်လှန်ရေးနေ့တွင် ဟုမ္မလင်းမြို့က ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး ပါဝင်ရာ အမျိုးသမီးနှစ်ဦး ဖမ်းခံရကြောင်းသိရသည်။
ဆိုင်ကယ်သပိတ်ကို ကားများဖြင့် လိုက်လံတိုက်ကာ ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦး ကို လည်း ကိုယ်ထိလက်ရောက် ထိုးကြိတ်ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဆန္ဒထုတ်ဖော်မှုကြောင့် စစ်ကောင်စီက နမ့်တောစံပြကျေးရွာ သားတစ်ဦးကိုလည်း မတ်လက ဖမ်းဆီးသွားခဲ့ ကြောင်းသိရသည်။
အင်တာနက်လိုင်းပိတ်ထားမှုကြောင့် ၎င်းတို့ဒေသရှိ သတင်းအချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများကို ရယူဖော်ပြုနိုင်ခြင်း မရှိပါ။