ဒီဇင်ဘာ ၅ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်တွင် KIA+PDF များနှင့် ရှမ်းနီအမျိုးသားများတပ်မတာ် (SNA) တို့ကြား တင်းမာနေသော စစ်ရေးအခြေနေများကြောင့် နောင်ပူအောင်-နမ့်တောလမ်းပိုင်း ပိတ်ဆို့မှုတွေရှိနေပြီး ဟုမ္မလင်းပြည်သူများ ကွင်းလမ်းများဖြင့် အသုံးပြုသွားလာနေကြရတယ်လို့သိရပါတယ်။
“ နားမော် ၊နောင်တောဘက်တွေကို သွားလို့မရဘူး၊ နမ့်တောဘက်ကလာရင် နောင်ပတ်၊ ပင်းမခေါ်ဘက်ကို ကူးတို့နှင့်ကူးသွားပြီးတော့ ဟုမ္မလင်းဘက်ကို သွားရတယ်” လို့ ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာ ဟုမ္မလင်း နားမော်-နမ့်စကား-ပေါက်ပင်-နမ့်တော လမ်းများကို ယာယီအားဖြင့် ပိတ်ထားဆဲဖြစ်ပြီး နောင်ပတ်ကျေးရွာ နှင့် ခေါက်ငိုးကျေးရွာ တို့မှ ကူးတို့ ဖြင့် ဥရုချောင်းတစ်ဖက်ကမ်းသို့ ကူးပြီးသွားနေကြရပါတယ်။
လက်ရှိမှာ ဟုမ္မလင်းမြို့နယ်တွင်း KIA+PDF နှင့် SNA တပ်တို့ကြား မကြာခဏ ပစ်ခတ်မှုတွေရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်မို့ ၎င်းလမ်းကြောများကို ယာယီအားဖြင့် ခေတ္တကန့်သတ်ထားတာဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
လက်ရှိ နောင်ပိုအောင်စံပြရွာကို ရှမ်းနီအမျိုးသားများတပ်မတော် SNA မှ လုံခြုံရေးပေးထားပြီး တိုက်ပွဲရှောင်ပြည်သူအချို့ နေရပ်ပြန်လည်ဝင်ရောက်လာတွေရှိလာပေမယ့် ရွာအရှေ့ဘက် နားမော်ကျေးရွာဘက်တွေမှာ စစ်ရေးတင်းမာနေဆဲမို့ တစ်ချို့ပြန်လာတာမျိုးမရှိသေးဘူးလို့လည်း သိထားရပါတယ်။
ဟုမ္မလင်းမြို့နယ် နောင်ပူအောင်စံပြကျေးရွာအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှစပြီး ဒီဇင်ဘာအထိ စစ်ရေးတင်းမာ နေဆဲဖြစ်လည်းဖြစ်ပါတယ်။