အချက်အလက်အပြည့်အစုံမဖြည့်ထားသည့်မိုဘိုင်းငွေကြေးပေးချေမှုအကောင့်တွေကိုအပြီးတိုင်ပယ်ဖျက်မယ်လို့ဆို 

 စက်တင်ဘာ ၁၇ ၊ 

အချက်အလက်အပြည့်အစုံ မဖြည့်ထားတဲ့ မိုဘိုင်းငွေကြေးပေးချေမှု အကောင့်တွေကို စစ်ကောင်စီ ဗဟိုဘဏ်က အပြီးတိုင်ပယ်ဖျက်သွားမယ်လို့ စက်တင်ဘာလ ၁၇ ရက်နေ့ သတင်းစာမှာ အသိပေးလာပါတယ်။ 

နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေမှာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတွက် လိုအပ်တယ်ဆိုပြီး ပြောဆိုထားပါတယ်။ 

လက်ရှိ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများ အနေဖြင့်  နီးစပ်ရာ ဘဏ်တွေနဲ့ ကိုယ်စားလှယ် (Agent ) တွေဆီမှာ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက် များကို အဆင့် ၂ (Level -2) အဆင့်သို့အချိန်မီ မြှင့်တင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဗဟိုဘဏ်က မိုးဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့်တွေကို အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်၊ ဆင်းကဒ်မှတ်ပုံတင်တို့ကို ဖြည့်သွင်းရမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

ဒီလိုဖြည့်လိုက်တဲ့  အကောင့်တွေကိုလည်း  လဝကရဲ့ အီလက်ထရောနစ် မှတ်ပုံတင် ဒေတာဘေစ့် နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆင်းကဒ်မှမှတ်ပုံတင်ထားတဲ့ နံပါတ်တွေနဲ့ပါ တိုက်ဆိုင်စစ်ဆေးဖို့ရှိနေတယ်လို့ ဆိုထားပါတယ်။ 

ပိတ်သိမ်းမယ့် ကာလကိုတော့ အသိပေးထုတ်ပြန်တဲ့ထဲမှာ ပြောဆိုထားခြင်းမရှိပါဘူး။ 

  စစ်ကောင်စီက မိုဘိုင်းငွေကြေးဝန်ဆောင်မှုနဲ့ ပတ်သတ်တဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆက်တိုက်ဆိုသလို ဒီလတွေအတွင်း ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *