အချက် (၁၃)ချက်ပါဝင်သည့်ဘုံသဘောတူညီ ချက်ကိုတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကဆုံးဖြတ်

သွေးချင်းတို့ရဲ့ပွဲတော်ဆီ တတိယအကြိမ်မှ ​web portal Section Photo- Sai ThantZin Oo

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက တိုင်းရင်းသားတို့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် (၁၃) ချက်ကို သဘောတူညီ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဒီဇင်ဘာလ ၁၁ – ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားတို့ရဲ့ တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ Web Portal Section အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

“ ဘုံသဘောတူညီချက်တွေ ထုတ်ပြီးတော့မှ အဲ့ဒီရဲ့လမ်းစဉ်အတိုင်းသွားဖို့ပေါ့နော် ၊ ဘယ်အစိုးရပဲတက်တက် ကျွန်တော်တို့ တိုင်းရင်းသားအားလုံးရဲ့ ဘုံသဘောတူညီချက်တွေပဲ  ဘယ်အစိုးရတက်တက်တာဝန်ရှိတယ် “ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုင်းသန့်စင်ဦးက  ရှမ်းနီအသံကို ပြောကြားပါတယ်။ 

ဘုံသဘောတူညီမှုတွေမှာ တိုင်းရင်းသား ဒေသထွက်ကုန် အဆင့်မြင့်တင်ရေး ၊ ကုန်သွယ်ရေး အခက်အခဲတွေနဲ့ စီးပွားရေးမူဝါဒဆိုင်ရာ အခက်အခဲတွေလည်း ပါဝင်ပါတယ်။​

ဒါ့အပြင် တိုင်းရင်းသားဒေသတွေရဲ့ အချက်အလက်တွေစုဆောင်းတဲ့ Business Data Center တစ်ရပ် ထူထောင်ဖို့အတွက်လည်း သဘောတူညီခဲ့ကြပါတယ်။ 

သွေးချင်းတို့ရဲ့ ပွဲတော်ဆီကို  ပထမအကြိမ် နဲ့ ဒုတိယအကြိမ်မှာ အခုလို ဆွေးနွေးမှုတွေမရှိခဲ့ပဲ တိုင်းရင်းသားထုတ်ကုန် ရောင်းချမှု ၊ ဖျော်ဖြေပွဲတွေ သာပါဝင်ခဲ့ကြပါတယ်။ 

ဒီတတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှာတော့ မြန်မာနိုင်ငံက တိုင်းရင်းသားလုပ်ငန်းရှင် အသင်းအသီးသီးတွေပါဝင်ပြီး တိုင်းရင်းသား လုပ်ငန်းရှင်တို့ရဲ့ သဘောတူညီချက်တွေရရှိဖို့အတွက် ဆွေးနွေးတဲ့ပွဲလည်း ပါဝင်လာခဲ့ပါတယ်။ 

“ New Model အနေနဲ့ ကျွန်တော်တို့ ဒီလိုသွားမှ တိုင်းရင်းသားတွေအတွက် အခွင့်အလမ်းကောင်းတွေဟာ ဖြစ်ပေါ်လာမှာဖြစ်တယ် “ လို့ ဦးသန့်စင်ဦးက ဆက်လက်ပြောကြားခဲ့ပါတယ်။ 

တိုင်းရင်းသားများလုပ်ငန်းရှင်အသင်းကို ၂၀၁၈ ခုနှစ်မှာ  ဖွဲ့စည်းခဲ့ပြီးတော့ နိမ့်ကျနေသည့် တိုင်းရင်းသားဘဝများ တိုးတက်အောင် လုပ်ဆောင်မယ်လို့ဆိုကာ စတင်ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။​ 

Leave a Reply

Your email address will not be published. Required fields are marked *