အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကို NUG စုံစမ်းစစ်ဆေးနေ 

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့မြင်ရသည့်ပုံရိပ်များ

အောက်တိုဘာ ၂၀ ၊ ရန်ကုန်

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ အောက်တိုဘာ ၁၉ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသေးစိတ်စုံစမ်းနေတဲ့အကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ 

ဗုံးပေါက်ကွဲမှု  ဒီဖြစ်စဥ်အတွင်း သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူတွေရဲ့သေဆုံးရတဲ့အကြောင်းကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ 

မနေ့က ဗုံးပေါက်ကွဲမှုမှာ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ ထောင်ဝင်စာလာပို့ကြတဲ့ ပြည်သူများ စုစုပေါင်း (၈) ဦးသေဆုံးခဲ့ပြီး ၁၈ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့တာလည်းဖြစ်ပါတယ်။ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရုံးထုတ်ရက် နဲ့ထောင်ဝင်စာပေးပို့နိုင်တဲ့ရက်ဖြစ်တာကြောင့် ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုများဖြစ်ပွားတဲ့ဖြစ်စဥ်အတွင်း သေဆုံးခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့မိခင်တွေနဲ့ မိသားစုဝင်တွေဘည်း ပါဝင်ခဲ့တယ်လို့သိရှိရကြောင်း ဆိုပါတယ်။

အရပ်သားပြည်သူတွေကို ထိခိုက်စေတဲ့ ဘယ်လလုပ်ရပ်မျိုးကို ဘယ်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ NUGအနေနဲ့ ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဘယ်သူ့ကိုမဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း မဖြစ်မနေဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အင်းစိန်အကျဥ်းထောင်တွင်း ဖောက်ခွဲမှုကိုတော့ Special Task Agency Burma အဖွဲ့က သူတို့ လုပ်ရပ်လို့ထုတ်ပြန်ထားပြီး အင်းစိန်ထောင်တွင်းက ထောင်မှူးကို ပစ်မှတ်ထားတဲ့တိုက်ခိုက်ဖောက်ခွဲမှုပြုလုပ်ခဲ့တယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။

NUG က ပြည်သူခုခံတော်လှန်စစ်ကို စစ်သည်တော်ကျင့်ဝတ်Code of Conduct စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆင်နွဲနေပြီး ချမှတ်ထားတဲ့ ကျင့်ဝတ်တွေကိုလည်း လိုက်နာမှုပျက်ကွက်ရန် ထိရောက်စွာအရေးယူမယ်လို့ဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *