အင်းတော်ကြီးကန်ရှိ အာရှရေပျော်ငှက်များစာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၁၃ က ကောက်ယူခဲ့သည်။
ထိုစာရင်းကောက်ယူမှုကို FFI ၊ အင်းချစ်သူအဖွဲ့ ၊ တုံ့စန့်ခမ်း၊ လယ်ပုံလေး မှ လူထုအခြေပြုခရီ.သွားလုပ်ငန်းမှ ဒေသခံများ၊ FOW ၊ မိုးညှင်းတက္ကသိုလ် သတ္တဗေဒဌာန နှင့် အင်းတော်ကြီး ဘေးမဲ့တောတို့မှ စုပေါင်းပြီးကောက်ယူခဲ့ကြသည်။
ကောက်ယူမှုကို လမ်းကြောင်းသုံးခုဖြင့် အင်းတော်ကြီးကန် အရှေ့ကမ်း ၊ အနောက်ကမ်း နှင့် အင်းတော်ချောင်း ၊ နားလတန်းရွာ တို့တွင် ကောက်ယူခဲ့ကြသည်။
အာရှရေပျော်ငှက်စာရင်းကောက်ယူမှုကို အာရှတိုက်ရှိ နိုင်ငံအသီးသီးကလည်း ၎င်းတို့ဒေသအလိုက် တစ်ချိန်တည်းကောက်ယူမှုပြုကြသည်။
အင်းတော်ကြီးကန်သည် ရမ်ဆာရေတိမ်ဒေသအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ တွင် သတ်မှတ်ခြင်းခံခဲ့သည်။
(ရမ်ဆာဒေသ ဆိုသည်မှာ နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေသများ အထူးသဖြင့် ရေပျော်ငှက်များ ကျက်စားရာ ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း) အောက်တွင် ထည့်သွင်း သတ်မှတ်ခံရသည့် ဒေသတစ်ခု ဖြစ်သည်။