
ဇန်နဝါရီ ၃၁ ၊ အင်းတော်ကြီး
အင်းတော်ကြီးကန်နှင့် စပ်ဆက်နေရာတွေမှာ အခုနှစ်အတွင်း ဆောင်းခိုငှက် နှင့် ဒေသမျိုးရင်းငှက် မျိုးစိတ် ၄၆ မျိုး အကောင်ရေ ၂၀၂၀၇ ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေး ဆီကနေ သိရပါတယ်။
ဇန်နဝါရီလတွင် ကောက်ယူလေ့ရှိတဲ့ အာရှရေပျော်ငှက်စာရင်းကောက်ယူမှုတွေအရ ဆောင်းခိုငှက်မျိုးစိတ် ၂၈ မျိုး ၊ အကောင်ရေအားဖြင့် ၁၆၂၁၅ မျိုး ၊ ဒေသရင်းရေပျော်ငှက်မျိုးစိတ် ၁၈ မျိုး ၊ အကောင်ရေ ၃၉၉၂ ကောင် စာရင်းကောက်ယူနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ယခင် ၂၀၂၄ ခုနှစ် စာရင်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒေသရင်းငှက်မျိုးစိတ်တွေလျော့ကျသွားတာဖြစ်တယ်လို့သိရပါတယ်။
ဆောင်းခိုငှက်တွေ လာရောက်မှုနည်းသွားရတာဟာ သူတို့ရဲ့ကျက်စားရာနေရာတွေမှာ လျော့နည်းလာတဲ့အပြင် ဖမ်းယူစားသောက်မှုတွေကို ထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
ဆောင်းရာသီမှာ ရွေ့ပြောင်းတံငါသည်တွေက ငါးတွေအပြင် လာရောက်ဆောင်းခိုကြတဲ့ ငှက်တွေကိုပါဖမ်းပြီး စီးပွားဖြစ်ရောင်းချမှုတွေရှိနေတာကြောင့်မို့ တချို့မျိုးစိတ်တွေမရှိမှုနဲ့ အကောင်ရေလျော့ကျလာမှုတွေကိုဖြစ်စေတာလို့ အင်းတော်ကြီးဒေသခံတွေက ဆိုကြပါတယ်။
အာရှရေပျော်ငှက်စာရင်းကောက်ယူမှုကို အာရှတိုက်ရှိ နိုင်ငံအသီးသီးကလည်း ၎င်းတို့ဒေသအလိုက် တစ်ချိန်တည်းကောက်ယူမှုပြုကြသည်။
အင်းတော်ကြီးကန်သည် ရမ်ဆာရေတိမ်ဒေသအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ တွင် သတ်မှတ်ခြင်းခံခဲ့ရသလို UNESCO ရဲ့ Man and Biosphere Reserve ဒေသအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။