နိုဝင်ဘာ ၂၁ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသမှာ နှစ်စဉ်ကျင်းပသည့် ရှမ်းနီနှစ်သစ်ကူးပွဲတော် နှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို
ယခုနှစ် ထပ်မံဆိုင်းငံ့လိုက်ကြောင်း အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ပြန်ကြားရေး ဦးသန်းစိန်ကပြောသည်။
လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျရောက်မည့် ရှမ်းသက္ကရာဇ် ၂၁၁၆ ခုနှစ် နှစ်သစ်ကူးပွဲတော်ကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။
ကိုဗစ်တတိယလှိုင်းနှင့် မိုးညှင်းမြို့ Stay at Home အစီအစဉ်တွင် ပယ်ဖျက်ခြင်းမရှိသေးသောကြောင့် ကျင်းပခြင်းမပြုလုပ်ဖို့ ယနေ့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အင်းတော်ကြီးဒေသကတွင် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို နှစ်ပေါင်း ၂၀ ကျော်တိုင်နှစ်စဉ်မပြတ်ပြုလုပ်ခဲ့သော်လည်း ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်တွင်ကျင်းပမည့် ပွဲတော်ကိုလည်း ဆိုင်းငံ့
ခဲ့ရခြင်းဖြစ်သည်။
တစ်နှစ်လျှင် ကျေးရွာအုပ်စု တစ်ခုအလှည့်ကျ ကျင်းပခဲ့ရာ ၂၀၂၀ ခုနှစ်တွင် ပန်းလားကျေးရွာအုပ်စု အိုင်လေးတူကျေးရွာတွင် ကျင်းပရန်အလှည့်ကျခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် ပွဲတော်ကို စုပေါင်းမကျင်းပနိုင်ကြသော်လည်း အုပ်စုကျေးရွာအလိုက် ကောက်ဦးဆွမ်းကပ်လှူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။