အင်းတော်ကြီးဒေသညောင်ပင်ကျေးရွာမှာ  စက်သုံးဆီဆိုင်မီးလောင်ကျွမ်း

ဆီဆိုင်မီးလောင်ကျွမ်းမှုကို တွေ့မြင်ရစဉ်

နိုဝင်ဘာ ၃ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ ဆန်းလိုက်စက်သုံးဆီဆိုင်သည်  နိုဝင်ဘာ ၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲကျော်အချိန်ကတည်းက မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။  

“ သူတို့ဆီကယ့်ဖို့အတွက်ကို  ပေပါပုံးတွေလိမ့်ရင်းက လောင်တာလို့ပြောတာကော၊ မီးထွက်လို့လေ၊ နေကလည်းတအားပူတာလေ၊ သူတို့ ဆိုင်ကကောင်မလေးတွေကတော့ပြောတာ ဆီကယ့်နေတာတဲ့ ပေပါဗုံးတွေလိမ့်နေတာတဲ့ အဲ့ကနေပူတာကနေ လိမ့်ပြီး မီးထွက်တာတဲ့၊ ဓာတ်ဆီပေပါကြောင့်တဲ့ ၊ဒီဇယ်ပေပါဆိုရင်မဖြစ်ဘူးပေါ့” လို့ ညောင်ပင်ရွာသူတစ်ဦးက ပြောပြပါတယ်။ 

နေ့လည် ၂ နာရီခွဲကျော်အချိန်ထိ မီးလောင်ကျွမ်းနေပြီး ဓာတ်ဆီပေပါများပေါက်ကွဲမှုတွေကြောင့် မီးငြိမ်းသတ်ဖို့ခက်ခဲတယ်လို့ ဒေသခံတွဆီကနေသိရပါတယ်။ 

“​ ဟိုပြေးဒီပြေးနဲ့ ၊ ကလေးတွေကငို ၊ကျောင်းက ဆရာမတွေကလည်း ပြန်မလွတ်ရဲ၊ အမှတ် ၁ ကျောင်းနဲ့တအားနီးထားတာ၊ ၁၂ နာရီ ၄၅ လောက် ၊ တစ်ဆိုင်လုံးနီးပါးပဲလောင်တာ” လို့  မျက်မြင်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

မီးလောင်ကျွမ်းတဲ့ ဆီဆိုင်အနီးမှာ အခြေခံမူလွန်ကျောင်းက စာသင်နေတဲ့ကလေးတွေကိုခေါ်ထုတ်ထားကာ ကျောင်းကိုပိတ်ထားလိုက်တယ်လို့လည်းသိရပါတယ်။ 

သိရှိရတဲ့သတင်းတွေအရ ဆိီဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းများ အသက်အန္တရာယ်ထိခိုက်မှုမရှိပေမယ့် ဝန်ထမ်းတစ်ဦးက မီးလောင်ကျွမ်းပေါက်ကွဲမှုကြောင့် လက်တစ်ဖက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ 

အင်းတော်ကြီးဒေသမှာ အခုလိုစက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုက ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *