အင်းတော်ကြီးဒေသတွင်သီတင်းကျွတ်လပြည့်နေ့မှာဆီမီးထောင်ချီမျှောမည်

 စက်တင်ဘာ ၃ ၊ အင်းတော်ကြီး 

လာမယ့် သီတင်းကျွတ်လပြည့်နေ့မှာ အင်းတော်ကြီး အင်းဘေးဝဲယာက ကျေးရွာသူ/သားတွေ စုပေါင်းပြီး ဆီမီးထောင်ချီမျှောမယ်လို့ ရှမ်းနီရိုးရာယဉ်ကျေးမှုအကအဖွဲ့မှခေါင်းဆောင် ဒေါ်ညွှန့်ရီက ဆိုပါတယ်။ 

နှစ်ပေါင်း ၇၀ ကျော်တိုင်ကျင်းပခဲ့တဲ့ ဒီယဉ်ကျေးမှု ဓလေ့ကိုလည်း ယခုနှစ်မှာ ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။ 

“  ဒီဘုရားမှာ ဆီမီးခွက်တွေနဲ့ သွားပူဇော်ကျတာ ကျွန်မမှတ်မိသလောက်ဆိုရင်တော့ နှစ်ပေါင်း ၇၀ ကျော်ပြီ နှစ်တိုင်းနှစ် တစ်ဝါမှ မပြတ်ခဲ့ဘူး ။ ခါတိုင်းဆိုရင် အင်းဝဲယာက အကုန်လုံးရွာတိုင်းရွာတိုင်း လာပူဇော်ကြတယ်။ သူတို့ဖာသူတို့ ဆီမီးခွက်တွေလုပ်ပြီးတော့ လာလွတ်ကြတယ်။  အမြဲတမ်းပူဇော်နေကြတဲ့ ငါးရွာခြောက်ရွာရှိတယ်။” လို့ သူက ပြောပြပါတယ်။

လက်ရှိမှာ ဆီမီးမျှောဖို့အတွက် ဆီမီးခွက်တွေပြုလုပ်တာ ၊ ဘုရားအနီးသန့်ရှင်းရေးပြုလုပ်တာတွေရှိနေပြီလို့လည်းသိရပါတယ်။ 

လာမယ့် သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားကိုလာရောက်မယ့် ဧည့်သည်တွေကို တစ်ဦးကို ဆီမီးခွက်ငါးလုံးစီ ဝေပေးသွားဖို့ရှိနေသလို စတုဒီတာကျွေးမွေးဖို့လည်းရှိတယ်လို့ သိရပါတယ်။ 

အင်းတော်ကြီးကန်ထဲမှာ သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဒေသခံရှမ်းနီတိုင်းရင်းသားတွေက ဟင်္သာငှက်ရုပ်လုပ်ပြီး ပူဇော်လွှတ်မျှောမှုတွေလည်းရှိခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *