အင်းတော်ကြီးဒေသနန့်မွန်းမြို့မှဒုတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်

 ဩဂုတ် ၂ ၊ အင်းတော်ကြီး

အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ ဩဂုတ်လ ၂ ရက်နေ့ နေ့လည်ပိုင်းကနေစပြီးတော့ ဒုတိယအကြိမ် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

“ ရေကြီးနေတာ ရေကြီးနေတာ ၊ တောင်ပေါ်မိုးရွာတော့ရေကြီးတာလေ၊ တံတားထိသွားပြီ။ ခုနတုန်းကမှနော် ရေကကြီးခဲ့တာ တောင်ပေါ်မှာ ရွာတယ်တဲ့နော်မိုးက ကျွန်တော့်အိမ်ထဲမှာ ခါးလောက်ရောက်တာပေါ့ ၊ ပထမလောက်တော့မကြီးဘူပထမကပိုကြီးတာ” လို့ နန့်မွန်းဒေသခံတစ်ဦးက ပြောပြပါတယ်။ 

နန့်မွန်းမြို့ကို ဖြတ်စီးနေတဲ့ ချောင်းတွေကမိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်တာကြောင့် အခုလိုမြို့ထဲမှာ ရေကြီးတာလို့ ဒေသခံတွေကပြောကြပါတယ်။ 

ဩဂုတ်လ ၂ ရက် နံနက် ၁၁ နာရီခွဲကျော်အချိန်ကစကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ တစ်မြို့လုံးနီးပါးဖြစ်တယ်လို့ သိရပါတယ်။ 

ဇူလိုင်လ ၈ ရက်နေ့က ပထမဆုံးအကြိမ် ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် တံတားတစ်စင်းအပါအဝင် ဒေသခံတွေရဲ့ လယ်ယာထွက်ကုန်တွေနဲ့ ပစ္စည်းတချို့ ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ 

အလားတူ မိုးသည်းထန်လို့ ဇူလိုင် ၂၃ ရက်နေ့က အင်းတော်ကြီးဒေသ   ဟဲပုကျေးရွာမှာ ဟဲပုချောင်းနဲ့ နမ့်သာယင်းချောင်းရေကြီးမှုကြောင့် တံတားတစ်စင်းကျိုးကျပျက်စီးခဲ့ပြီးစိုက်ပျိုးထားတဲ့ စပါးများဧကဆယ်နှစ်ချီ ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *