အင်းတော်ကြီးဒေသနမ့်မော်ကန်ကျေးရွာတွင်ကလေးသူငယ်အယောက်(၂၀၀)ကျော်ဖျားနာမှုဖြစ်ပွားနေ 

ဩဂုတ်၁၆နမ့်မော်ကန်

   အင်းတော်ကြီးဒေသ  နမ့်မော်ကန်ကျေးရွာမှာ  ကလေးသူငယ် အယောက်(၂၀၀)ကျော်ဟာ  အမည်မသိကူးစက်ဖျားနာခြင်းတစ်မျိုးကို ဩဂုတ်လအစကတည်းကစဖြစ်ပွားနေကြတယ်လို့   ကျေးရွာသားများထံမှ သိရပါတယ်။

“ အခုကဖြစ်ကြတာကဒီမှာတုတ်ကွေးလိုဖြစ်ကြတာကျောင်းသားတွေနဲနဲကူးစက်သလိုဖြစ်နေတာဆေးခန်းမှာဆရာမတွေဆီမှာအခုလိုပါ့လေးကွယ်ကုကြတယ်အဲ့ဒါထပ်တိုးထပ်တိုးနဲ့တစ်ရက်တစ်ရက်ကိုလူပေါင်းလေးငါးခြောက်ဆယ်ခုနှစ်ဆယ်ဖြစ်နေကြတာ” ဟုနမ့်မော်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပြပါတယ်။

 ဖျားနာမှုအများဆုံးဖြစ်ပွားတဲ့ ကလေးငယ်အသက်အရွယ်အပိုင်းအခြားက (၁၂)နှစ်အောက် ကလေးသူငယ်တွေဖြစ်ကြပြီး   ရောဂါလက္ခဏာအနေနဲ့  နှာစေးချောင်းဆိုးခြင်း၊ ချွဲထခြင်း၊ မူးဝေခြင်းများ ဖြစ်ပွားတာလို့ ဒေသခံတွေကပြောဆိုကြတယ်။

နမ့်မော်ကန်ကျေးရွာရှိ စာသင်ကျောင်းမှာကျောင်းသူ/သားပေါင်း(၄၃၀)ကျော်ရှိသည့်အနက် ထက်ဝက်ခန့်ဟာ ဖျားနာမှုကြောင့် စာလာရောက်သင်ကြားနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် Grade (4) (တတိယတန်း) ရှိ  ကျောင်းသူ/သား တစ်ခန်းလုံးနီးပါး ဖျားနာနေခြင်းကြောင့် အတန်းကိုရပ်နားပိတ်ထားရတယ်လို့ ဟု သိရပါတယ်။

 ရွာထဲမှာလည်းဖျားကြတယ်အတော်များများမိသားစုတစ်အိမ်မှာကိုပါ့လေနော့တစ်ယောက်လောက်ဖျားရင်ကူးတာကြီးကိုအေ့ကောင်ကပြောကြတဲ့အနေအထားဆိုအချိန်မှန်ပုံစံမျိုးပဲဖျားတာဟုကျေးရွာသားတစ်ဦးကဆိုပါတယ်။

  ကလေးသူငယ်များသာမက နမ့်မော်ကန်ကျေးရွာအတွင်းရှိ  ရွာသူ/သားများလည်း ဖျားနာနေကြတယ်လို့  သိရပါတယ်။

 အခုလိုဖျားနာမှုဟာ နမ့်မော်ကန်ကျေးရွာအတွင်းမှာသာမက အင်းတော်ကြီးဒေသရှိ ကျေးရွာများအားလုံးနီးပါးတွင် ဖြစ်ပွားနေကြသည်ဟုလည်း စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *