အင်းတော်ကြီးဒေသမိုင်းနောင်ကျေးရွာတွင်စစ်ကောင်စီစစ်ကြောင်းကစစ်ဆေးစဉ်ထွက်ပြေးသည့်အရပ်သားတစ်ဦးပစ်သတ်ခံရ 

ဇွန် ၉ ၊ မိုးညှင်း

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ဇွန်လ ၈ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် စစ်ကောင်စီစစ်ကြောင်း စစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်း ထွက်ပြေးသည့် အရပ်သားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

ဖြစ်စဉ်ဟာ  မိုင်းနောင်ကျေးရွာ အထကကျောင်းအနီးမှာ စစ်ကောင်စီ စစ်ကြောင်းက လမ်းသွားလမ်းလာများကို စစ်ဆေးနေစဉ်  အရပ်သားတစ်ဦးဟာ စစ်ဆေးမခံပဲ စစ်ကောင်စီတပ်သားတစ်ဦးကို တွန်းလှဲထွက်ပြေးလိုက်လို့ ပစ်သတ်ခံလိုက်ရတာဖြစ်ကြောင်း ဖြစ်စဉ်နဲ့ အနီးတဝိုက်ရှိနေသူ တစ်ဦးက ဆိုပါတယ်။ 

တွန်းလှဲပြီးထွက်ပြေးတာမပြေးနဲ့မင်းတို့ကိုဘာမှမလုပ်ဘူးပြောတာ ဖမ်းခဲ့တာမဟုတ်ဘူး။လုံခြုံရေးစစ်ဆေးနေတာဖမ်းခေါ်ခဲ့တာတော့မဟုတ်ဘူးတခြားလူတွေရော။  စစ်တောင်မစစ်ရသေးဘူးသွားတွန်းလှဲလိုက်ပြီကော လို့အမည်မဖော်လိုသူဖြစ်စဉ်နဲ့အနီးတဝိုက်ရှိသူတစ်ဦးကပြောပါတယ်။ 

ပစ်သတ်ခံရသူဟာ အသက် ၃၃ နှစ်အရွယ် ဦးသိန်းလင်းဖြစ်ပြီး  မိုင်းနောင်ကျေးရွာ ဆင်ဖြူကုန်းရပ်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်းသိပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းက စစ်ဆေးနေစဉ်အတွင်းအရပ်သားတချို့ ဖမ်းဆီးခံထားရကာ အားလုံးပြန်လွတ်ခဲ့ပေမယ့်  အဲ့ထဲက လူငယ်တစ်ဦး၏ လက်ကိုင်ဖုန်းအတွင်း ပြောက်ကျားဝတ်စုံဓာတ်ပုံတစ်ခုတွေ့ရှိတာကြောင့် ဖမ်းဆီးထားဆဲဖြစ်တယ်လို့သိရပါတ်။ 

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောင့် မိုင်းနောင်တံတားများကို နာရီအတန်ကြာပိတ်ထားပြီး ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းရွာထဲကနေ ပြန်ထွက်ခွာသွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ 

ဇွန်လ ၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်မှာလည်း မိုင်းနောင်ကျေးရွာအနောက်ဘက် ၂ မိုင်အကွာ ရွှေမှော်များရှိသည့်နေရာအနီးဝိုက်တွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေကပြောဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *