အင်းတော်ကြီးဒေသမှာရှမ်းနှစ်သစ်ကူးအကြိုချစ်ကြည်ရေးဘောလုံးပွဲပြုလုပ် 

နိုဝင်ဘာ ၂၀ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ ကုန်းမနကျေးရွာမှာ ၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူးအကြို ချစ်ကြည်ရေးဘောလုံးပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“ ရှမ်းနှစ် ၂၁၁၆ ခုနှစ်ကုန်ပြီး ၂၁၁၇ ခုနှစ်ကို ကကူးမယ့် နှစ်မှာငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တယ်။ မငြိမ်းမချမ်းနေရတာအဆင်မပြေဘူး။ ၂၁၁၇ ခုနှစ်ကို ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ” လို့ အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိန်လွင်ဦးက ပြောပြပါတယ်။ 

ဘောလုံးပွဲကို အင်းတော်ကြီးဒေသ နန့်မွန်းမြို့ လူငယ် နဲ့ ကုန်းမနကျေးရွာ လူငယ်အုက်စုတွေ ယှဉ်ပြိုင်ကြတာလည်းဖြစ်ပါတယ်။ 

အင်းတော်ကြီးဒေသမှာ ရှမ်းနှစ်သစ်ကူးပွဲတော်ကို တစ်နှစ်ကို ကျေးရွာအုပ်စု တစ်အုပ်စုစီ အလှည့်ကျကျင်းပခဲ့တာ အကြိမ်နှစ်ဆယ်ကျော်ကျင်းပခဲ့ပေမယ့် ကိုဗစ်ကာလမှာ စတင်နားလိုက်ကြရတာလည်းဖြစ်ပါတယ်။ 

ဒီလိုပွဲတော်မကျင်းပရတာကြောင့်လည်း ရှမ်းနီယဉ်ကျေးမှုတွေ မလှယ်ကြရတာ၊ တစ်ရွာနှင့်တစ်ရွာ ဆုံဆည်းမှုမရှိနိုင်ကြတာတွေကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ 

“ အကတွေအဆိုတွေမဖော်ထုတ်ကြရတော့ဘူး။တစ်ရွာနဲ့တစ်ရွာမထိတွေ့ မဆက်ဆံရတဲ့အခါကျတော့ ချစ်ကြည်ရင်းနှီးမှုတွေ လျော့ကျတာပေါ့၊ မဟုတ်ရင်ပွဲလုပ်ရင် တစ်ရွာနဲ့တစ်ရွာ လာဆုံကြတယ်လေ။ အခုမဆုံရတော့ အသိဉာဏ်တွေလဲမဖလှယ် ရတော့ဘူး။ ယဉ်ကျေးမှုတွေလည်း မပြကြရတာ့ ယဉ်ကျေးမှုဆုတ်ယုတ်တာတွေနစ်နာတာတွေအဲ့လိုတွေရှိလာတယ်” လို့ ဦးစိန်လွင်ဦးက ဆက်ပြောပြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *