နိုဝင်ဘာ ၁၄ ၊ အင်းတော်ကြီး
အမှိုက်နဲ့ပါတ် သက်တဲ့ ဓာတ်ပုံပြပွဲနဲ့ ရိုးရာဓာတ်ပုံပြပွဲကို အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ နိုဝင်ဘာလ ၁၁ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အင်းတော်ကြီးဒေသ သဘာဝပတ်ဝန်းကျင် ပူးပေါင်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင် ၊ ရိုးရာယဉ်ကျေးမှုနဲ့ အစားအသောက်ပြပွဲ ပြပွဲပြုလုပ်ရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီဓာတ်ပုံပြပွဲကို ကချင်ပြည်နယ်သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေးအဖွဲ့(KCWG)နဲ့ အင်းတော်ကြီးဒေသခံတွေနဲ့
ဖွဲ့စည်းထားတဲ့ အမှိုက်ကော်မတီတို့က ပူးပေါင်းလုပ်ဆောင် ခဲ့တာလည်းဖြစ်ပါတယ်။
“ ဒီမှာဘာတွေထိန်းသိမ်းသင့်လဲဥပမာကွာ ရွှေမျှောတွေ ရွှေတွေ လက်လုပ်ကျင်းအင်ဝိုင်းလေးနဲ့ အင်တာကတော့ ဘာမှမဖြစ်ဘူးပေါ့ ရွှေလုပ်ခဲ့တဲ့ဟာတွေ နန့်မွန်းမှာဆိုလို့ရှိရင် ဟိုးချောင်းကြောမှာကြီးရွှေသွားလုပ် လိုက်တဲ့အခါကျတော့ မြို့ထဲကိုရေတအားဝင်တယ် ခါတိုင်းနှစ်တွေရေကြီးပေမယ့် အဲ့လောက်ထိအရောက်ပေမယ့် ဒီနှစ် ရေသုံးကြိမ်ကြီးတာ နမ့်မွန်းမြို့ပေါ်ရေလွမ်းတဲ့အပိုင်းတွေ အဲ့တာတွေပါတာပေါ့။ ကျေးရွာက သက်ဆိုင်ရာလူကြီးတွေ အားလုံးကိုဖိတ်ပြီးတော့ ပြောပြရှင်းပြပြီး လူကြီးနဲ့ လူငယ်ပူးပေါင်းပြီးမှ ကာကွယ်လို့ရတဲ့နေရာကာကွယ်မယ် ထိန်းသိမ်းလို့ရတဲ့နေရာထိန်းသိမ်းမယ်” လို့ ပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသခံလူငယ် တစ်ယောက်က ပြောပြပါတယ်။
အဆိုပါပြပွဲကို မပြင်ကျေးရွာ၊ ညောင်ပင်ကျေးရွာနဲ့ နန့်မွန်းမြို့က ရပ်မိရပ်ဖ၊ လူငယ်များနဲ့ သဘာဝပတ်ဝန်းကျင်အရေးစိတ်ပါဝင်စားတဲ့သူတွေ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
အင်းတော်ကြီးဒေသမှာ အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုက တဟုန်တိုးများပြားလာခဲ့ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေက ယခင်ထက်ပိုဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
အင်းတော်ကြီးဒေသဟာ ယူနစကိုအသိအမှတ်ပြုထားတဲ့ လူသားနှင့်သဘာဝပတ်ဝန်းကျင် ဒေသတစ်ခုလည်းဖြစ်ပါတယ်။