အင်းတော်ကြီးဒေသမှာ ယခုနှစ်  မုန့်ညှင်းဆံ အထွက်နှုန်းလျော့ကျ

အင်းတော်ကြီးကန် အရှေ့ကမ်းရှိ မုန့်ညှင်းစိုက်ခင်းတစ်ခုကိုတွေ့ရစဉ်

မတ် ၂၈ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ်  အင်းတော်ကြီးဒေသမှာ ယခုနှစ် မုန့်ညှင်းဆံ အထွက်နှုန်းလျော့ကျတယ်လို့  ဒေသခံတောင်သူတွေက ဆိုကြပါတယ်။

မုန့်ညှင်းစိုက်ခင်း  တစ်ဧက ကို ဆယ်တင်းမှ တင်းနှစ်ဆယ်အတွင်း နှစ်စဉ်ရရှိခဲ့ပေမယ့် ယခုနှစ်မှာ  မိုးရွာသွန်းခြင်းမရှိတဲ့အတွက်ကြောင့်  မုန့်ညှင်းစေ့အထွက်နှုန်းတွေလျော့ကျလာတယ်လို့ မုန့်ညှင်းစိုက်တဲ့ တောင်သူတစ်ဦးက ပြောပြပါတယ်။ 

“ခါတိုင်းနှစ်က တစ်ဧကကို တစ်ဆယ်ကျော် နှစ်ဆယ်လောက်တော့ ထွက်တယ်ဗျာ့။ ဒီနှစ်တော့ ဧက သုံးဆယ်ကျော်လုပ်လိုက်တာတောင်မှ မုန့်ညှင်းစေ့ တင်းသုံးဆယ် အဲ့လောက်ပဲ ရတာဗျာ့။ ဒီနှစ်တော့ တစ်တင်းကို ခုနှစ်သောင်းငါးထောင်တော့ ရောင်းရတယ်။ အရင်နှစ်ကတော့ လေးသောင်းကျော် အဲ့လောက်ပဲ ရတာဗျာ့။ ဒီနှစ်တော့ စျေးကကောင်းတယ်။ မုန့်ညှင်းဆံတွေ မရကြဘူး။ မိုးမရှိဘူး။ မိုးမရွာတော့ မုန့်ညှင်းအထွက်က နည်းသွားတယ်ဗျာ့။”

မုန့်ညှင်းစေ့အထွက်နှုန်းလျော့ကျမှုက ရာသီဥတုပြဿနာကြောင့်တင်မကပဲ ဓာတ်မြေဩဇာစျေးနှုန်းမြင့်တက်မှုတွေကြောင့်လို့ဆိုပါတယ်။ 

” ပုလဲ ဓာတ်မြေဩစာတွေတော့ သုံးကြတယ်။ ပုလဲက စျေးကြီးတော့ သူများလည်း မသုံးနိုင်ကြတော့ဘူး။ အထွက်လည်း နည်းသွားတယ် ဒီနှစ်တော့။ လွန်ခဲ့တဲ့နှစ်က တစ်အိတ်ကို လေးသောင်းကျော်တော့ ရှိတယ်။ ဒီနှစ်တော့ တစ်သိန်းကျော်သွားတော့ သူများလည်း မဝယ်နိုင်ကြတော့ဘူးလေ။ ဓာတ်မြေဩစာ မသုံးရတာလည်း ပါတယ်။ မိုးမကောင်းတာ မိုးမရွာတာလည်းပါတယ်ဗျာ့။”

အင်းတော်ကြီးကန် အရှေ့ကမ်းနှင့် အင်းမြှီးဘက်ခြမ်းမှာ မိုးညှင်းစေ့ အများဆုံးစိုက်ပျိုးကြတာလည်းဖြစ်ပါတယ်။ 

မုန့်ညှင်းဆီ ၁၀ ပိဿာကို ကျပ် ခုနှစ်သောင်းငါးထောင်ကနေ ကျပ်ကိုးသောင်းအထိ ပေးဝယ်ရပြီး ယခုနှစ်မှာတော့ ၁၀ ပိဿာကို ကျပ် တစ်သိန်းငါးသောင်းကျပ်နဲ့ ပေးဝယ်နေရတယ်လို့ မုန့်ညှင်းဆီ စားသုံးသူတွေက ပြောဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *