အင်းတော်ကြီးဒေသမှာ  ရှမ်းနီရိုးရာကွင်းရှိလာစေဖို့ညှိနှိုင်းဆွေးနွေး

ရိုးရာကွင်းအတွက်ညှိနှိုင်းဆွေးနွေးပွဲ

မေ ၂၂ ​၊​ အင်းတော်ကြီး

အင်းတော်ကြီးဒေသမှာ ရှမ်းနီတိုင်းရင်သားတွေရဲ့ ရှမ်းနီရိုးရာကွင်း ရှိလာစေဖို့ ညှိနှိုင်းဆွေးနွေးမှုတစ်ခုကို မေလ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အင်းတော်ကြီး ရှမ်းနီစာပေနှင့် ရိုးရှာယဉ်ကျေးမှုအသင်းက ဦးစီးပြီးတော့ အင်းတော်ကြီးဒေသ အင်းတော်ကြီးမြို့က ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှု အသင်းရုံးမှာ ဒီအစည်းအဝေးကိုပြုလုပ်တာဖြစ်ပါတယ်။ 

ဒီအစည်းအဝေးကို ရှမ်းနီသံဃာတော်များ၊ ရိုးရာကွင်းဖြစ်မြောက်ရေးကော်မတီ နဲ့ စာပေနှင့်ရိုးရာယဉ်ကျေးမှု အဖွဲ့တွေတက်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ဒီကွင်းဖြစ်မြောက်ရေးအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အင်းတော်ကြီး နမ့်မီးလောင်ကျေးရွာမှာ ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့များ ၊ စာပေပညာရှင်များ ၊ ဥပဒေပညာရှင်များနဲ့ ရှမ်းလုပ်ငန်းရှင်တို့ ဆွေးနွေးမှုတစ်ခုကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီကွင်းကနေ ရှမ်းနီရိုးရာ စာပေ ယဉ်ကျေးမှု အမွေအနှစ်များဖော်ထုတ်ပြသနိုင်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ရည်ရွယ်ချက်တွေ အပြင် ပြည်တွင်းပြည်ပ က ရှမ်းနီတိုင်းရင်းသားတို့ရဲ့ စာပေရိုးရာယဉ်ကျေးမှုတွေကို လေ့လာနိုင်ဖို့အတွက် ပြုလုပ်မှာဖြစ်တယ်လို့ ပထမအကြိမ်တွေ့ဆုံမှု မှတ်တမ်းတွေအရသိရပါတယ်။  

အင်းတော်ကြီးဒေသဟာ ရှမ်းနီတိုင်းရင်းသားတွေအများဆုံးနေထိိုင်ကြတာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်ကိုင်တဲ့ဒေသတစ်ခုနဲ့ ရှမ်းနီရိုးရာယဉ်ကျေးမှုတွေ များစွာကျန်ရှိနေသေးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *